

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ကမ္ဘာ့ဘဏ်မှ Lead Public Sector Specialist ဖြစ်သူ Mr. Serdar Yilmaz ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့၊ နံနက် ၉း၃၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံပိုင်ကဏ္ဍဆိုင်ရာနိုင်ငံတကာစာရင်းစံများ (International Public Sector Accounting Standards-IPSAS) နှင့် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ (International Financial Reporting Standards - IFRS) နှင့်အညီ နိုင်ငံပိုင်ကဏ္ဍစာရင်းစံများနှင့် ဘဏ္ဍာရေးအစီရင်ခံခြင်း (Public Sector Accounting Standards and Financial Reporting) သို့ အသွင်ကူးပြောင်းရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီး ဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
