ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ (၁၁) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အခမ်းအနား ကျင်းပခြင်း
- ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ (၁၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အခမ်းအနားအား ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ရုံးအမှတ်(၁၂) နေပြည်တော်ရှိ စုပေါင်းခန်းမ၌ ၁၆-၁၁-၂၀၁၈ နေ့ နံနက် ၉း၃၀ နာရီတွင် ကျင်းပရာ ဘုရားကြီး ကျာင်းတိုက်နှင့် ရတနာဘုမ္မိသာရကျောင်းတိုက် သံဃာတော်များထံ ကထိန်လျာဉတ်သင်္ကန်းကြီးနှင့် လှူဖွယ်ဝတ္ထုအစုစု ငွေကျပ် ၅,၄၉၄,၆၀၀ နှင့် ပစ္စည်းတန်ဖိုးကျပ် ၃,၂၄၈,၂၃၀ စုစုပေါင်း ကျပ် ၈,၇၄၂,၈၃၀ တို့အား ဆက်ကပ်လှူဒါန်းပြီး ဆရာတော်များမှ ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ခြင်း၊ အနုမောဒနာတရား ဟောကြားချီးမြှင့်ခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှဝေခြင်းတို့ကို ပြုလုပ်ကြပါသည်။
- အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး)၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများတက်ရောက်ကြပါသည်။