ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းစစ်ချုပ်ရုံးများ၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် (၆) လပတ် ညှိနှိုင်းဆွေးနွေးပွဲ

၁။    ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းစစ်ချုပ်ရုံးများ၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှင့် (၆) လပတ် ညှိနှိုင်းဆွေးနွေးပွဲကို ၈-၁၀-၂၀၁၂ရက်နေ့၀၉း၀၀နာရီ အချိန် ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်တွင် ကျင်းပခဲ့ပါသည်။၂။    ဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက်မှ အမှာစကားပြောကြားရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပါအတိုင်းစာရင်းစစ်ဌာနများမှပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါပြဌာန်းချက်များအရ စစ်ဆေးခြင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်များအရ စစ်ဆေးခြင်းတို့ကိုဆောင်ရွက်လျှက်ရှိရာ တိကျစွာ စစ်ဆေးစိစစ်ခြင်း၊ အထောက်အထားခိုင်မာစွာ ဖော်ပြခြင်း၊ မှန်ကန်စွာဖော်ထုတ်ထောက်ပြခြင်းတို့ကို ဆောင်ရွက်ရန်ဖြစ်ကြောင်း ၊ အများပြည်သူပိုင် နိုင်ငံတော်ဘဏ္ဍာငွေများကို သတ်မှတ်ချက်အတိုင်းအလေအလွင့်မရှိ သုံးစွဲစေရေး၊အရည်အသွေးပြည့်မီအောင်ဆောင်ရွက်စေရေး၊ နိုင်ငံတော်မှ ရရန်ရှိသည့် အခွန်ဘဏ္ဍာများ အပြည့်အဝရရှိစေရေးတို့အတွက် ဥပဒေအရ တာဝန်ရှိသည်ဟု ခံယူပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ အပြုသဘောဆောင်လျှက် သက်ဆိုင်ရာ အဖွဲ့အစည်းဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ တည့်မတ်ပေးခြင်းတို့ကို ဆောင်ရွက်သွားရန်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။၃။    ဆွေးနွေးပွဲသို့ ဒုတိယစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စာရင်းစစ်ချုပ်များ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ ပထမနေ့ဆွေးနွေးပွဲကို ညနေ ၁၈း၃၀ နာရီတွင် ရပ်နားခဲ့ပြီး ၉-၁၀-၂၀၁၂ ရက်နေ့တွင် ဒုတိယရက်နေ့ဆွေးနွေးပွဲ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

စာရင်းစစ်များလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၃၆) သင်တန်းဆင်းပွဲ

၁။    ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ (၂)ရက် နံနက် (၁၀း၀၀)နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ စာရင်းစစ်များလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၃၆) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ပါသည်။၂။    အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက်က -    သင်တန်းသားများသည် စစ်ဆေးရေးတာဝန်များကို ကျွမ်းကျင်နိုင်နင်းစွာ ဆောင်ရွက်နိုင်ရေးအတွက်       လိုအပ်သည့် အရည်အချင်းနှင့် စွမ်းရည်များ တိုးတက်နေအောင် ကြိုးပမ်းအားထုတ်နေရမှာ       ဖြစ်ပါကြောင်း-    စာရင်းစစ်များအနေဖြင့် အခြေခံလုပ်ငန်းများကို ပိုင်နိုင်စွာသိရှိပြီး စာရင်းစစ်လုပ်ငန်းများကိုစနစ်တကျ     ဆောင်ရွက်နိုင်စေရေးအတွက် ယခုကဲ့သို့ သင်တန်းကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချရခြင်းဖြစ်ကြောင်း    -    သင်တန်းသားစာရင်းစစ်များသည် စာရင်းကိုင်ပညာရပ်နှင့် စာရင်းစစ်ပညာရပ်တို့ကိုကောင်းစွာ     တတ်ကျွမ်းရမည်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး မိမိ၏ လုပ်ငန်းတာဝန်များ ကို ဆောင်ရွက်ရာတွင်     အပြုသဘောဆောင်သည့် စိတ်ထား၍ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်        ခြင်း၊ တွေ့ရှိချက်များကို တိကျမှန်ကန်စွာ ဖော်ပြခြင်း၊ တာဝန်ရှိသူများနှင့် ဆွေးနွေးခြင်း ၊ ပြုပြင်ရန်     လိုအပ်သည်များကို  ဖော်ပြပေးခြင်း၊ နိုင်ငံတော်၏ ဘဏ္ဍာငွေများကို သတ်မှတ်ချက်နှင့်အညီ      စနစ်တကျ အလေ အလွင့်မရှိ သုံးစွဲခြင်း၊ နိုင်ငံတော်မှရရန်ရှိသည်များကိုအပြည့်အဝရရှိအောင်       ဆောင်ရွက်ခြင်းတို့ကို စစ်ဆေးပေးသွားရန်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။၃။    သင်တန်းဆင်းပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ ကထိကများနှင့်သင်တန်းသား (၉၉) ယောက်တို့ တက်ရောက်ကြပြီး ၁၂း၀၀ နာရီတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြောင်းသတင်းရရှိပါသည်။

ပွင့်လင်းမြင်သာမှုဖြင့် ပြည်သူလူထုအခြေပြု ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒဆောင်ရွက်နေ စစ်ဆေးရေး လုပ်ငန်းများကို အများအထင်အမြင်လွဲမည့်ကိစ္စများ မဆောင်ရွက်မိရန် အလေးထား

        နိုင်ငံ့အကျိုးနှင့် ပြည်သူလူထု၏အကျိုးကို ရှေးရှုကာ စစ်ဆေးရေးလုပ်ငန်းများ  ဆောင်ရွက်ရာတွင်ရိုးသားဖြောင့်မှန်သည့် စိတ်စေတနာထား၍ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေများအရ အပ်နှင်းထားသည့် တာဝန်များကိုကျေပွန်အောင်ဆောင်ရွက်ရန် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက်က စက်တင်ဘာ ၂၂ ရက် နံနက် ၉ နာရီတွင်ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရန်ကုန်သင်တန်းကျောင်း၌ကျင်းပသောရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်နှင့်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာရင်းစစ်ရုံးဝန်ထမ်းများနှင့် တွေ့ဆုံ စဉ်ပြောကြားခဲ့သည်။
       ထို့ပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အစိုးရအဖွဲ့အစည်း၊ နိုင်ငံ့ဝန်ထမ်းအားလုံးတို့သည် နိုင်ငံနှင့်ပြည်သူလူထု၏ အကျိုးစီးပွားကောင်းမွန်ဖြစ်ထွန်းတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် သက်ဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြသည်ဖြစ်ရာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏တာဝန်မှာယင်းသို့လုပ်ငန်းများဆောင်ရွက်ရာတွင်ချမှတ်ပေးထားသော မူဝါဒနှင့်ရည်မှန်းချက်များမှတိမ်းစောင်းမသွားစေရန်အပြုသဘောဖြင့် ဝိုင်းဝန်းကူညီစစ်ဆေးတည့်မတ်ပေးရေးနှင့် တွေ့ရှိချက်များအား တိကျမှန်ကန်စွာဖြင့် နိုင်ငံတော်နှင့်အစိုးရအဖွဲ့ထံ ခိုင်မာစွာတင်ပြရေးပင်ဖြစ်ကြောင်း။
          နိုင်ငံတော်၏ ဘဏ္ဍာငွေများ၊ ပိုင်ဆိုင်မှုများကို အသုံးပြုလျက် ရ/သုံးငွေစာရင်းများဖြင့်ဆောင်ရွက်နေရသည့် ဌာနဆိုင်ရာလုပ်ငန်းများတွင်းရသင့်ရထိုက်သည်များမဖြစ်မနေရရှိစေရန်၊သုံးသင့်သုံးထိုက်သည်များစနစ်တကျအလေအလွင့်မရှိသုံးစေရန်၊မူလချမှတ်ပေးထားသည့်ရည်မှန်းချက်များပြည့်မီစေရန်၊သတ်မှတ်အရည်အသွေးများရရှိစေရန်တို့ကိုသတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီစစ်ဆေးဖော်ထုတ်၍ပံ့ပိုးဆောင်ရွက်ပေးသွားရန်ဖြစ်ကြောင်း။
      ယနေ့အချိန်အခါမှာပွင့်လင်းမြင်သာမှုဖြင့်ပြည်သူလူထုကိုအခြေပြုသည့် ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒချမှတ်ဆောင်ရွက်နေသည်ဖြစ်ရာ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်စာရင်းစစ်များမှလည်း စစ်ဆေးရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် ပြုမူပြောဆိုဆက်ဆံမှုမှအစ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင်အများအထင်အမြင်လွဲမှားစေမည့်ကိစ္စရပ်မျိုးမဆောင်ရွက်မိကြရန်အလေးအနက်ထားမှာကြားလိုကြောင်း ပြောကြားခဲ့သည်။
         ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၊အရှေ့ပိုင်းခရိုင်စာရင်းစစ်ရုံးနှင့်မြောက်ပိုင်းခရိုင်စာရင်းစစ်ရုံးများကိုကြည့်ရှုစစ်ဆေးခဲ့ပြီးစက်တင်ဘာ၂၃ ရက်တွင်တောင်ပိုင်းခရိုင်စာရင်းစစ်ရုံးနှင့် အနောက်ပိုင်းခရိုင်စာရင်းစစ်ရုံးတို့သို့ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

Myanmar Accountancy Council’s meeting 2/2012 held

Myanmar Accountancy Council’s meeting 2/2012 held
Nay Pyi Taw, 21 Sept-
The meeting (2/2012) of Myanmar Accountancy Council was launched at its office in Yangon this morning, in the presence of Chairman of Myanmar Accountancy Council Auditor-General of the Union U Thein Hteik ,Vice-Chairman of MAC Deputy Auditor-General U Myo Myint and the council members.
On the occasion, the Union Auditor-General made to a speech citing that accountant need to involve doing reforms in economy, financial and monetary sectors in accord with reforming process of governance of the State. He assured that any licensed accountant will run their business in their respective country of ASEAN member States in the year 2015 when accountancy service of ASEAN Economic Community (AEC) will be favoured. All accountant in the country should be the perfect ones who have abilities to overcome that challenge. In the other hand, Myanmar Accountancy Council continues doing its reform process. Besides, all the council members are duty bound to advance the council’s reform process as much as they can, he added.
Afterwards, the vicechairman of MAC, chairman of MCPA and members participated in the discussion.

ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးလွန်းမောင်အား ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး လာရောက်တွေ့ဆုံ

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးလွန်းမောင်အား ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ဌာနချုပ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ဆောင်မှုဌာနမှ ညွှန်ကြားရေးမှူး Mr. Subhasha K. Gupta ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် (၁၅) ရက် ညနေ ၅း၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၌ လာရောက်တွေ့ဆုံသည်။ထိုသို့တွေ့ဆုံရာတွင် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့နှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများအတွက် စာရင်းစစ်ဆေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးကြသည်။အဆိုပါတွေ့ဆုံပွဲသို့ပွဲသို့ ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှတာဝန်ရှိသူများနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးတို့လည်း တက်ရောက်ကြကြောင်း သတင်းရရှိသည်။

Risk Based Approach to Financial Audit သင်တန်းတွင် ထူးချွန်စွာအောင်မြင်သူများအား ချီးမြှင့်သည့် အခမ်းအနား

၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၀ ရက် နံနက် ၁၀း၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအစည်းအဝေးခန်းမ၌ နိုင်ငံတကာစာရင်းစစ်ချုပ်ရုံး တိုးတက်ဖွံ့ဖြိုးမှု ဌာနနှင့် ကုလသမဂ္ဂလေ့ကျင့်သင်ကြားရေးနှင့် သုတေသနတက္ကသိုလ်တို့မှ ကြီးမှူး၍ On Line ဖြင့်ပို့ချခဲ့သည့်အန္တရာယ်အခြေပြု ချဉ်းကပ်မှုပုံစံဖြင့် ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း Risk Based Approachto Financial Audit သင်တန်းတွင် ထူးချွန်စွာအောင်မြင်သူများအား ချီးမြှင့်သည့်  အခမ်းအနားကျင်းပခဲ့ပါသည်။အဆိုပါအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ထူးချွန်စွာအောင်မြင်သူများ နှင့် ဝန်ထမ်းများ တက်ရောက်ကြပါသည်။အခမ်းအနားတွင် အစီအစဉ်အရ ပြည်ထောင်စုစာရင်းစစ်ချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် -မိမိတို့၏ စစ်ဆေးရေးလုပ်ငန်းတွင် ရလဒ်ကောင်းဖြင့် ကောင်းမွန်သည့် စီမံ အုပ်ချုပ်မှုစနစ်ဖြစ်ပေါ်စေခြင်း၊ နိုင်ငံ၏တည်ငြိမ်မှုနှင့်  ဖွံ့ဖြိုးတိုးတက်မှုများ ရရှိနိုင်ခြင်း၊ ပြည်သူလူထုသို့ရှင်းလင်းတင်ပြမှုနှင့် ပွင့်လင်းမြင်သာမှုကို ဖြစ်ပေါ်စေခြင်း၊ ပိုမိုသန့်ရှင်းသည့် အစိုးရဖြစ်ပေါ်စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိအောင် ကြိုးစားဆောင်ရွက်လျှက်ရှိကြောင်း၊ထိုသို့ဆောင်ရွက်နိုင်ရန် အချိန်နှင့်တစ်ပြေးညီ တိုးတက်ဆန်းသစ်နေသော စစ်ဆေးရေးနည်းပညာရပ်များ ကျွမ်းကျင်တတ်မြောက်နေစေရန် ဝန်ထမ်းများ၏ အရည်အသွေး မြှင့်တင်ပေးရေးအစီအမံတစ်ခုဖြစ်သည့် နိုင်ငံတကာစာရင်းစစ်ချုပ်ရုံး တိုးတက်ဖွံ့ဖြိုးမှုဌာန နှင့် ကုလသမဂ္ဂလေ့ကျင့်သင်ကြားရေးနှင့် သုတေသနတက္ကသိုလ်တို့မှ ကြီးမှူး၍ On Line ဖြင့်ပို့ချခဲ့သည့်အန္တရာယ်အခြေပြု ချဉ်းကပ်မှုပုံစံဖြင့် ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း Risk Based Approachto Financial Audit သင်တန်းတွင်၊ စာရင်းစစ်အရာရှိ လေးဦးတက်ရောက်၍ လေးဦးစလုံးထူးချွန်စွာအောင်မြင်ခဲ့၍ ယခုကဲ့သို့ အခမ်းအနားဖြင့် ချီးမြှောက်ရခြင်းဖြစ်ကြောင်း၊ကုလသမဂ္ဂအဖွဲ့ကြီး၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု အစီအမံတွင် နိုင်ငံဂုဏ်ကိုမြှင့်တင်ပေးနိုင်ခြင်းအတွက် နှစ်ထောင်းအားရ ဂုဏ်ယူမိပါကြောင်း၊ ယခုတတ်မြောက်သည့် ပညာရပ်များကိုလည်း လုပ်ငန်းခွင်တွင် ထိရောက်အကျိုးရှိစွာ အသုံးချ၍ နိုင်ငံတိုးတက်ရေးအတွက် စိတ်စေတနာထားကာ စွမ်းအားပြည့် တက်ကြွစွာ အလုပ်အကြွေးပြုရန်လည်း တိုက်တွန်းလိုကြောင်း၊စဉ်ဆက်မပြတ် ပြုလုပ်မည့် ကုလသမဂ္ဂ အဖွဲ့အစည်းကြီး၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု အစီအမံတွင် မိမိတို့နိုင်ငံ၏ဂုဏ်ကို မြှင့်တင်နိုင်အောင် မျိုးဆက်သစ်လူငယ်များမှ ယခုထူးချွန်စွာအောင်မြင်ခဲ့သူများကဲ့သို့၊ ကြိုးစားသင်ကြားကြရန် တိုက်တွန်းလိုပါကြောင်းမှာကြားပါသည်။ထို့နောက် အောင်လက်မှတ်နှင့် ဆုများကို ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးလွန်းမောင်နှင့်ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့်တို့မှ ပေးအပ်ပါသည်။အခမ်းအနားကို နံနက် ၁၀း၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့မှ တာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေး

 
ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးလွန်းမောင်နှင့် မြန်မာနိုင်ငံ၌ရောက်ရှိနေသောအပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ Public Financial Management (PFM) မစ်ရှင်မှ Mr. Sandeep Saxena ဦးဆောင်သောမစ်ရှင်အဖွဲ့တို့သည်ဇူလိုင်လ ( ၂၇) ရက်နေ့ နံနက် ၉း၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၌ တွေ့ဆုံဆွေးနွေးကြသည်။ထိုသို့တွေ့ဆုံဆွေးနွေးကြရာတွင် မြန်မာနိုင်ငံ၏ အစိုးရ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အခန်းကဏ္ဍအကြောင်းကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

စာရင်းစစ်များ လုပ်ငန်းခွင်ကျွမ်းကျင်မှူ အမှတ်စဉ် (၃၆) သင်တန်းဖွင့်ပွဲ

 
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃၁ရက် နံနက် ၁၀း၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်း၌စာရင်းစစ်များ လုပ်ငန်းခွင်ကျွမ်းကျင်မှူ အမှတ်စဉ် (၃၆) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ တာဝန်ရှိသူများ၊ ကထိကများနှင့် သင်တန်းသား စာရင်းစစ်များ တက်ရောက်ကြပါသည်။ အခမ်းအနားတွင် အစီအစဉ်အရ ပြည်ထောင်စုစာရင်းစစ်ချုပ်က လမ်းညွှန်မှာကြားရာတွင်-

- သင်တန်းသားစာရင်းစစ်များသည် မိမိတို့၏ စစ်ဆေးရေးတာဝန်များကို ဆောင်ရွက်ရာတွင် ပြည်သူတို့၏ အကျိုးစီးပွားကို ဦးတည်ချက်ထား၍ သတ်မှတ်ထားသော စစ်ဆေးရေးမူဝါဒ၊ လုပ်ထုံးလုပ်နည်းများဖြင့် ပြည် သူတို့၏ ယုံကြည်မှုကို ရရှိအောင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ - ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ပြည် သူနှင့် နိုင်ငံတော်အပေါ် အကျိုးပြုမှုမှာ သင်တန်းသားများ၏ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေအရ ထမ်း ဆောင်ရမည့်စစ်ဆေးလုပ်ငန်းများအပေါ်တွင် များစွာမှီတည် လျက်ရှိပါကြောင်း၊ - မိမိတို့ စစ်ဆေးရေးအလုပ် မှာ ကျင့်ဝတ်သိက္ခာနှင့်အညီ အသိတရား၊ သတိတရားများဖြင့် စည်းမျဉ်းစည်းကမ်းများ ထိန်းသိမ်းကာ၊ စစ်ဆေးမည့်အဖွဲ့အစည်း၏ လုပ်ငန်းနှင့် စာရင်းများ မှန်ကန်ပြည့်စုံမှု ရရှိစေရေး၊ စည်းမျဉ်းကျနစေရေးနှင့် ဌာနတွင်းကြီးကြပ်ကွပ်ကဲမှု အားကောင်း လာစေရေးတွန်းအားပေး ကြပ်မတ်ဆောင်ရွက်မှု လုပ်ငန်းစဉ်တစ်ရပ် ပင်ဖြစ်ပါကြောင်း၊ - သို့ဖြစ်ပါ၍ ပြည်သူတို့၏ယုံကြည်မှု ရရှိစေရေးအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ နာမည်ကောင်းထိန်းသိမ်းမှုတွင် စစ်ဆေးရေးလုပ်ငန်းတစ်လျောက် သင်တန်းသားများမှ ကျင့်ဝတ် နှင့်အညီ၊ လုပ်ငန်းစွမ်းရည်အထူးပြည့်ဝစွာ ၊ တည်ကြည်ဖြောင့်မတ်စွာနှင့် ဥပဒေစည်းမျဉ်းစည်းကမ်း လိုက်နာရန်အထူးလိုအပ်ပါကြောင်းလမ်းညွှန်မှာကြားပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် ၁၀း၃၀ တွင်ရုပ်သိမ်းခဲ့ပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ သတ္တမအကြိမ်မြောက် သွေးလှူဒါန်းပွဲ

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စေတနာရှင်သွေးလှူရှင်များ ဦးဆောင်အဖွဲ့က ကြီးမှူးကျင်းပသည့်သတ္တမအကြိမ်မြောက် သွေးလှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကုတင် ၁၀၀၀ဆေးရုံကြီးတွင် ကျင်းပရာ ဒုတိယစာရင်းစစ်ချုပ် တက်ရောက်အားပေးပါသည်။

စာရင်းစစ်မှူးများ လုပ်ငန်းခွင် ကျွမ်းကျင်မှု အမှတ်စဉ် (၂၅) သင်တန်းဆင်းပွဲအခမ်းအနား

၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့နံနက် ၁၀း၀၀ နာရီအချိန် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အစည်းအဝေးခန်းမတွင် စာရင်းစစ်မှူးများ လုပ်ငန်းခွင်ကျွမ်းကျင်မှု အမှတ်စဉ် (၂၅) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ပါသည်။အဆိုပါအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ တာဝန်ရှိသူများ၊ ကထိကများနှင့်သင်တန်းစာရင်းစစ်မှူးများ တက်ရောက်ကြပါသည်။အခမ်းအနားတွင်အခမ်းအနားအစီအစဉ်အရ ပြည်ထောင်စုစာရင်းစစ်ချုပ်က လမ်းညွှန်မှာကြားရာတွင် -- စစ်ဆေးရမည့်အဖွဲ့အစည်းများနှင့် ပြင်ပမှစွက်ဖက်လွှမ်းမိုးမှုများကင်းစင်ပြီး စစ်ဆေးရေးအလုပ်များကို  ဓမ္မဓိဌာန်ကျစွာ ထိရောက်အကျိုးရှိစွာ နှင့် စွမ်းဆောင်ရည် မြင့်မားစွာစစ်ဆေးဆောင်ရွက်၍ ပွင့်လင်းမြင်သာစွာ အစီရင်ခံရှင်းလင်းတင်ပြရန် ၂၀၁၁ ခုနှစ်ဒီဇင်ဘာလ ၂၂ ရက်နေ့က  ကျင်းပပြုလုပ်ခဲ့သော ၆၆ ကြိမ်မြောက် ကုလသမဂ္ဂညီလာခံမှဆုံးဖြတ်ထားပါကြောင်း၊- စာရင်းစစ် ကျင့်ဝတ်သိက္ခာများဖြစ်သော ရိုးသားဖြောင့်မတ်မှု၊ ဘက်မလိုက်မှု၊ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်ပိုင်နိုင်မှု၊ လုံလောက်သော သတိသမ္ပဇဉ် ထားရှိဆောင်ရွက်မှု၊ လျှို့ဝှက်စောင့်ထိန်းမှုနှင့် လွတ်လပ်မှု စသည်တို့ကိုလိုက်နာရန်လည်း အရေးအကြီးဆုံးဖြစ်ပါကြောင်း၊- သို့ဖြစ်ပါ၍ သင်တန်းသား စာရင်းစစ်မှူးများသည် မိမိတို့ စစ်ဆေးရေးအလုပ်များကိုစာရင်းစစ်ကျင့်ဝတ်သိက္ခာများဖြစ်သည့် ရိုးသားဖြောင့်မတ်စွာ၊ တရားမျှတစွာ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်ပိုင်နိုင်စွာနှင့်လုံလောက်သော သတိသမ္ပဇဉ်ထားရှိစွာဖြင့်၆၆ ကြိမ်မြောက် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာကြိုးစားဆောင်ရွက်ခြင်းဖြင့် မိမိရုံး၊ မိမိအဖွဲ့အစည်း၏ ဂုဏ်သိက္ခာတန်ဖိုး တိုးတက်မြင့်မားလာခြင်း စသည့် ရလဒ်ကောင်းများ မလွဲမသွေ ရရှိလာမှာဖြစ်ပါကြောင်း၊ လမ်းညွှန်မှာကြားပါသည်။ သင်တန်းဆင်းပွဲအခမ်းအနားကို နံနက်၁၀း၃၀ တွင် ရုပ်သိမ်းခဲ့ပါသည်။

Pages

Subscribe to Front page feed