၁။ ၂၀၁၃ ခုနှစ်၊မေလ(၈)ရက်နံနက် ၁၀း၀၀နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ သင်တန်းကျောင်း၌ အလယ်အလတ်အဆင့် စာရင်းကိုင်နှင့်ရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၉၁) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ရာ ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့် တက်ရောက်၍ သင်တန်းဖွင့်လမ်းညွှန် အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ညွန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယညွှန်ကြားရေးမှူး ၊ ကထိကများနှင့် သင်တန်းသား/သင်တန်းသူ (၉၂) ဦး တက်ရောက်ကြပါသည်။
၃။ အခမ်းအနားတွင် ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့် မှ
- သင်တန်းကပို့ချတဲ့ စာရင်းပိုင်း၊ငွေကြေးပိုင်း နှင့်ပတ်သက်၍ တတ်သင့်တတ်ထိုက်သည့် ပညာရပ်များသင်ကြားရန် မိခင်ဌာနများမှ စေလွှတ်လိုက်ခြင်းဖြစ်ကြောင်း
- မိမိကိုယ်တိုင်တတ်မြောက်အောင် ကြိုးစား၍ ဌာနအတွက်အကျိုးရှိစွာ အသုံးချ ရန်လိုအပ် ကြောင်း
- သင်တန်းဆင်းအရည်အချင်းသတ်မှတ်ချက်အဆင့် ကို သာမန်အထက်၊ သာမန်၊ သာမန်အောက် ဟူ၍ အဆင့်(၃)ဆင့်ခွဲ၍ ထုတ်ပြန်မည်ဖြစ်ပြီး မိခင်ဌာနကို အသိပေး အကြောင်းကြားသွားမည် ဖြစ်ကြောင်း
- စီမံခန့်ခွဲမှု၊သင်ကြားပို့ချမှုများနှင့် ပတ်သက်၍ လိုအပ်လျှင် အကြံပြုနိုင်ပါကြောင်း လမ်းညွှန်မှာ ကြားခဲ့ပါသည်။
၄။ သင်တန်းဆင်းပွဲ အခမ်းအနားကို နံနက် ၁၁း၀၀ နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။
၁။ ၂၀၁၃ ခုနှစ်၊မေလ(၇)ရက် နံနက် ၁၀း၀၀နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ သင်တန်းကျောင်း၌ အဆင့်မြင့်စာရင်းကိုင် နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၉၁) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ရာ ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့် တက်ရောက်၍ သင်တန်းဖွင့်လမ်းညွှန်အမှာစကား ပြောကြား ခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ညွန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူး ၊ ကထိကများနှင့် သင်တန်းသား/သင်တန်းသူ (၆၀) ဦး တက်ရောက်ကြပါသည်။
၃။ အခမ်းအနားတွင် ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့် မှ
- ယခုဖွင့်လှစ်တဲ့သင်တန်းဟာ ဝန်ကြီးဌာနများမှ ဝန်ထမ်းများအား စာရင်းဆိုင်ရာဘာသာရပ် များကို သင်ကြားပေးခြင်း နှင့် စီမံခန့်ခွဲရေးပိုင်းတွင် တာဝန်ထမ်းဆောင်ရမည့် ဝန်ထမ်းများ အတွက် စီမံခန့်ခွဲမှုဆိုင်ရာဘာသာရပ်များကို သင်ကြားပေးခြင်းဖြစ်၍ သင်တန်းသား/သူ များအနေဖြင့် သေသေချာချာလေ့လာဆည်းပူးရန်လိုအပ်ကြောင်း
- ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနများရှိ အရာရှိကြီးများမှ ဘာသာရပ်ကထိကများအဖြစ် သင်ကြားပို့ချပေးခြင်းဖြစ်သဖြင့် ကထိကများ၏စေတနာကို အလေးထား၍ ဘာသာရပ်များကို စိတ်ဝင်တစားနဲ့ အလေးအနက် ထား၍ သင်ကြားစေလိုကြောင်း
- သင်တန်းကပို့ချပေးလိုက်တဲ့ ပညာရပ်များကို လက်တွေ့အသုံးချရန်ရည်ရွယ်၍ သင်ကြား ပေးခြင်းဖြစ်တဲ့အတွက် သင်တန်းသား/သူများအနေဖြင့် လက်တွေ့လုပ်ငန်းခွင် နယ်ပယ်မှာ အကျိုးရှိရှိ အသုံးချရန်နှင့် သင်တန်းစည်းကမ်းများကိုလိုက်နာရန် လိုအပ်ကြောင်း လမ်းညွှန် မှာကြားခဲ့ပါသည်။
၄။ သင်တန်းဆင်းပွဲ အခမ်းအနားကို နံနက် ၁၁း၀၀ နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။
၁။ ၂၀၁၃ ခုနှစ်၊ မေလ (၂)ရက်နံနက် ၁၀း၀၀နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ စာရင်းစစ်များလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၃၈) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့ရာ ပည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက် တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကား ပြောကြားခဲ့ ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား/ သင်တန်းသူ (၁၇၀) ဦး တက်ရောက်ကြပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက်က လမ်းညွှန်မှာကြားရာတွင်-
- သင်တန်းသားစာရင်းစစ်များဟာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အခြေခံ အုတ်မြစ်များဖြစ်တဲ့အတွက် မိမိတို့သင်ယူခဲ့သော စာတွေ့ဗဟုသုတများကို လက်တွေ့သင်ခန်းစာများနှင့် ဟန်ချက်ညီညီပေါင်းစပ်ပြီး မိမိတု့ိအရည်အသွေးကို အစဉ်အမြဲ တိုးတက်မြင့်မားနေအောင် ဆက်လက်လေ့လာ ဆည်းပူးမှတ်သားသွားကြရန် တိုက်တွန်းလိုကြောင်း
- စည်းကမ်းဟာလူ့တန်ဖိုးဖြစ်တဲ့အတွက် စည်းကမ်းကောင်းတဲ့သူဟာ စည်းကမ်းက ထိန်းကြောင်းပြုပြင်ပေး၍ အတွေးမှန်၊ အလုပ်မှန်ကာ လမ်းကြောင်းမှန် သို့ လျှောက်လှမ်းနိုင်မည် ဖြစ်ကြောင်းနှင့် ရည်ရွယ်ချက် မှန်ကန်ကောင်းမွန်၍ ရိုးသားဖြောင့် မတ်ကာ ကိုယ်ကျိုးမတွက်ဘဲ ဆောင်ရွက် သွားရန်လိုကြောင်း
- သင်တန်းသားစာရင်းစစ်များအနေဖြင့် မိမိထက်လုပ်သက်ကြီးသူ အတွေ့ အကြုံနှင့် ဗဟုသုတများသူများထံမှ အလုပ်လုပ်ရင်း ဆက်လက်လေ့ကျင့် သင်ကြားကြရန်နှင့် စစ်ဆေးရမည့်အဖွဲ့အစည်းများထံမှ ၎င်းတို့၏ လုပ်ငန်းပိုင်းဆိုင်ရာ ဗဟုသုတများ နမူနာကောင်းများကို ဆည်းပူးလေ့လာ၍ အသိတရားကို အမြဲမပြတ်ရှာဖွေနေကြရန် လိုကြောင်း
- သင်တန်းသားစာရင်းစစ်များအနေဖြင့် စည်းကမ်းကောင်းကောင်း တာဝန်သိသိဖြင့် တစ်ဦးချင်းစည်းကမ်း၊ လုပ်ငန်းခွင်စည်းကမ်းကိုလိုက်နာ၍ မိခင်ဌာန ဖြစ်သော စာရင်းစစ် ရုံးများ၏ ကောင်းသောဂုဏ်သတင်းကို ဆောင်နိုင်သူများ ဖြစ်အောင်ကြိုးစားကြရန် လမ်းညွှန်မှာကြားပါသည်။
၄။ သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် ၁၁း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
{pdf}http://www.oagmac.gov.mm/images/stories/pdf/laws/requirements_of_union_a...|height:700px|width:500px|app:google{/pdf}
<< Download
{pdf}http://www.oagmac.gov.mm/images/stories/pdf/laws/amending_law_myanmar.pdf|height:700px|width:500px|app:google{/pdf}
<< Download
စာရင်းစစ်ရာထူးတိုးရေးဖြေစာမေးပွဲအောင်စာရင်းကြည့်ရှုရန်
၁။ ၂၀၁၃ ခုနှစ်၊ မတ်လ(၂၀)ရက် နံနက် ၁၀း၀၀နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အစည်းအဝေးခန်းမ၌ ) ၂၀၁၂ - ၂၀၁၃ ပညာသင်နှစ် ဒီပလိုမာစာရင်းကိုင် (ဒုတိယပိုင်း) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက် တက်ရောက်၍ သင်တန်း ဆင်းလမ်းညွန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများ နှင့် သင်တန်းသား/သူ (၁၅၂) ဦး တက်ရောက်ကြပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက်က လမ်းညွှန်မှာကြားရာ တွင်-
- သင်တန်းသားများအနေဖြင့် ဒီပလိုမာစာရင်းကိုင်ဘွဲ့ရရှိပြီးပါက စာရင်းပညာကျွမ်းကျင်သူ အဖြစ် အသိအမှတ်ပြု လက်မှတ်ရရှိမည်ဖြစ်ပါကြောင်း ယခုစာမေးပွဲတွင် ထူးချွန် စွာ အောင် မြင်ပါက စာရင်းပညာရှင်အဖြစ်အသိအမှတ်ပြုသည့် လက်မှတ်ရပြည်သူ့ စာရင်းကိုင် သင်တန်းသို့ တက်ရောက်ရန်အခွင့်အရေးများရရှိမည်ဖြစ်ပါကြောင်း
- ခေတ်မီတိုးတက်လာပြီဖြစ်သော မြန်မာ့စီးပွားရေးတွင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာမည်ဖြစ်သည့်အတွက် နိုင်ငံတကာစာရင်းပညာရှင်များနှင့် ရင်ဘောင် တန်းနိုင်အောင် အရည်အချင်းပြည့်မီအောင် ကြိုးစားကြစေလိုကြောင်း
- သင်တန်းသားများအနေဖြင့် သင်တန်းတွင်ပို့ချသော ကျောင်းစာ၊သင်ခန်းစာတွေကို သာမက လက်တွေ့စာရင်းနယ်ပယ်မှအတွေ့အကြုံများ ၊ဗဟုသုတများ၊ လုပ်ထုံးလုပ်နည်း များဖြင့်ပေါင်းစပ်၍ အချိန်နှင့်တပြေးညီတိုးတက်သစ်ဆန်းနေသော စာရင်းပညာရပ်များကို စဉ်ဆက်မပြတ်လေ့ကျင့်သင်ကြား ကြိုးစားပြီး၊ထူးချွန်ထက်မြက်သော၊နိုင်ငံတော်အတွက် အားထားရသော စာရင်းပညာကျွမ်းကျင်သူများအဖြစ် မြင်တွေ့လိုပါကြောင်း လမ်းညွှန် မှာကြားပါသည်။
၄။ သင်တန်းဆင်းပွဲ အခမ်းအနားကို နံနက် ၁၁း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
၁။ ၂၀၁၃ ခုနှစ် ၊ မတ်လ (၁၃) ရက် နံနက် ၁၀း၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ အလယ်အလတ်/အဆင့်မြင့် စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၉၀) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ရာ ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့် တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန် အမှာစကားပြောကြားခဲ့ပါသည်။၂။ အဆိုပါအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊ ညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် အလယ်အလတ်အဆင့် စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းမှ သင်တန်းသား/သူ (၈၆) ဦး ၊ အဆင့်မြင့်စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းမှသင်တန်းသား/သူ (၄၁) ဦးတို့ တက်ရောက်ကြပါသည်။၃။ အခမ်းအနားတွင် ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့် က လမ်းညွှန်မှာကြားရာတွင် - - သင်တန်းဆင်းပွဲကျင်းပပြီးဖြစ်၍ မကြာခင်စာမေးပွဲဖြေဆိုရမည်ဖြစ်ပြီး သက်ဆိုင် ရာ ဘာသာရပ်အလိုက် သင်ကြားပို့ချပေးသော ဘာသာရပ်များကို တိတိကျကျ စည်းကမ်းရှိစွာဖြင့် မှန်မှန်ကန်ကန် ဖြေဆိုကြရန်လိုအပ်ကြောင်း၊ စာမေးပွဲ အောင်စာရင်းထုတ်ပြန်ရာတွင် သာမန်အထက်၊ သာမန်၊ သာမန်အောက်အဆင့် ခွဲ၍ အောင်လက်မှတ်ထုတ်ပေးမည်ဖြစ်ပြီး သာမန်အောက်ဆိုပါက ပြန်ဖြေဆိုခွင့် မရှိတော့သော်လည်း အလယ်အလတ်အဆင့်မှာ သာမန်အောက်နှင့် အောင်မြင် ပါက အဆင့်မြင့်သင်တန်းကို တက်ရောက်ခွင့်ရှိကြောင်း၊ အနည်းဆုံးသာမန် အဆင့်တော့ ဖြစ်အောင် ကြိုးစားဖို့လိုအပ်ကြောင်း၊ - သင်တန်းမှ သင်ကြားပို့ချပေးခဲ့သည့် လုပ်ငန်းပညာရပ်များကို လုပ်ငန်းခွင်မှာ ပြန်လည်အသုံးချခြင်းဖြင့် မိခင်ဌာနကို အလုပ်အကျွေးပြုကြရန်နှင့် တာဝန်ကျေ အောင် လုပ်ငန်းအဆင့်များ တိုးတက်အောင် ကြိုးစားကြရန်လိုအပ်ပါကြောင်း၊ အကြံပြုလမ်းညွှန်မှာကြားပါသည်။၄။ သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် ၁၀ း ၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
၁။ ၂၀၁၃ ခုနှစ်၊မတ်လ(၁၈)ရက်နံနက် ၁၀း၀၀နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေး ခန်းမ၌ ဌာနတွင်းကြီးကြပ်ကွပ်ကဲမှု နှင့်ဌာနတွင်းစာရင်းစစ်ဆေးခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ ခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက် တက်ရောက်၍ သင်တန်းဖွင့်လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ညွန်ကြားရေးမှူးချုပ်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များ ၊ကထိကများနှင့် သင်တန်းသား/သင်တန်းသူ(၈၅)ဦး တက်ရောက်ကြပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက်က လမ်းညွှန်မှာကြားရာတွင်-
- ဝန်ကြီးဌာနအသီးသီးအောက်ရှိ အစိုးရဌာန/အဖွဲ့အစည်းများသည် လုပ်ငန်းများ ဆောင်ရွက်ရာတွင် မှန်ကန်စွာနှင့်ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ဌာနတွင်း စာရင်းစစ်ဌာနကိုလုပ်ငန်းများ နှင့် လျော်ညီစွာဖွဲ့စည်းထားရှိရန် နိုင်ငံတော်အကြီးအကဲမှ လမ်းညွှန်မှုကြောင့် ဝန်ကြီးဌာနများတွင် ဌာနတွင်း စာရင်းစစ်အဖွဲ့ ဖွဲ့စည်းပြီး ဌာနတွင်း ကြီးကြပ်ကွပ်ကဲမှုစနစ်ကို အကောင် အထည်ဖော်နိုင်ရေးအတွက် မိမိတို့ရုံးမှတတ်ကျွမ်း သည့် စာရင်းစစ်အဖွဲ့များ တွဲဖက်၍ ကူညီဆောင်ရွက်ပေးနိုင်ရန် ယခုကဲ့သို့ ဌာနတွင်းကြီးကြပ် ကွပ်ကဲမှု နှင့် ဌာနတွင်းစာရင်းစစ်ဆေးခြင်း အထူးမွမ်းမံသင်တန်းကို ဖွင့်လှစ်ပို့ချပေးရခြင်း ဖြစ်ပါကြောင်း
- ဌာနတွင်းစာရင်းစစ်ဝန်ထမ်းများအနေဖြင့် ဌာန၏စီမံခန့်ခွဲရေးအပိုင်းအား လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးကူညီရန် နှင့် စီမံ အုပ်ချုပ်ရေးရာပိုင်းအား အထောက်အကူဖြစ်စေမည့် စစ်ဆေးမှုများကို ပြုလုပ်ရန် ဖြစ်ပါကြောင်း
- စီမံခန့်ခွဲရေးအပိုင်းအား အထောက်အကူပြုပံ့ပိုးဆောင်ရွက်ရန်ဆိုသည့် ရည်ရွယ်ချက် ထမြောက် အောင်မြင်စေရေးအတွက် ဌာန၏စာရင်းထားနည်း စနစ်များ၊ ဘဏ္ဍာရေး နှင့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ကြီးကြပ်မှုစနစ်တို့ကို ဝေဖန်သုံးသပ်ခြင်းများ၊ ချမှတ်ထား သောပေါ်လစီများ၊ လျာထားချက်များ၊ လုပ်ထုံး လုပ်နည်းများကို ဆန်းစစ်ကြည့်ခြင်းများ၊ ဌာနပိုင်ပစ္စည်းများ ၊ ယိုဖိတ်မှု ၊ ဆုံးရှုံး နစ်နာမှုများမရှိစေရန် စီမံ ဆောင်ရွက်ထားမှုများကို ဆန်းစစ်ကြည့်ခြင်းများ စသော အချက်များကို ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း
- ဝန်ကြီးဌာနအသီးသီးအောက်ရှိ အစိုးရဌာန/အဖွဲ့အစည်းများတွင် ထိရောက်သည့် ဌာန တွင်းကြီးကြပ်ကွပ်ကဲမှု နှင့် ဌာနတွင်းစာရင်းစစ်ဌာနကို ပီပီပြင်ပြင်ဖွဲ့စည်းဆောင် ရွက်နိုင်ရန် အတွက် သင်တန်းသား/သူ များအနေဖြင့် သင်တန်းမှပို့ချပေးသော ပညာရပ်များကို ကြိုးစားလေ့လာဆည်းပူးကြပြီး မိမိတို့၏အတွေ့အကြုံများ နှင့် ပေါင်းစပ်၍ လက်တွေ့ လုပ်ငန်းခွင်၌ ထိထိရောက်ရောက်အသုံးချသွား ကြရမည် ဖြစ်ကြောင်း လမ်းညွှန်မှာကြား ပါသည်။
၄။ သင်တန်းဖွင့်ပွဲ အခမ်းအနားကို နံနက် ၁၁း၃၀ နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။
၁။ ၂၀၁၃ခုနှစ်၊ မတ်လ(၆)ရက်နံနက်၁၀း၀၀နာရီ တွင်ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊အစည်းအဝေး ခန်းမ ၌ စာရင်းစစ်များလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၃၇) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးသိန်းထိုက် တက်ရောက်၍သင်တန်းဆင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။၂။ အဆိုပါအခမ်းအနားသို့ဒုတိယစာရင်းစစ်ချုပ်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ညွှန်ကြားရေးမှူးများ၊ ကထိကများနှင့်သင်တန်းသား/သူ(၁၀၄)ဦး တက်ရောက်ကြပါသည်။၃။ အခမ်းအနားတွင်ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးသိန်းထိုက်က လမ်းညွှန်မှာကြားရာတွင်- - သင်တန်းကို ပြောင်းလဲနေသော နည်းပညာခေတ်စနစ် အနေအထားနှင့် အညီအမီ လိုက်နိုင်စေရန် ရည်ရွယ်၍ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်း ကထိကနည်းပြများအနေဖြင့် ယင်းတို့ိ၏အတွေ့အကြုံများကို စာတွေ့၊ လက်တွေ့နှင့်ပေါင်းစပ်၍ ပြောင်းလဲမှု နှင့်အညီ သင်ကြားပို့ချပေးရန် လိုအပ်ပါကြောင်း - စာရင်းစစ်သင်တန်းသားများ အနေဖြင့် ပြည်သူ့ဝန်ထမ်းဖြစ်သည်နှင့်အညီ ပြည်သူတို့၏ အကျိုးစီးပွားကိုဖော်ဆောင်ပေးရန် ၊ပြည်သူ့ရန်ပုံငွေများကို အလေအလွင့်မရှိ စနစ်တကျ သုံးစွဲစေရန် သင်တန်းမှသင်ပေးလိုက်သော ပညာရပ်များနှင့် စစ်ဆေးရေးတာဝန်များကို ကျေပွန်စွာဆောင်ရွက်ရန် - တာဝန်မယူနိုင်သော ဝန်ထမ်းများသာတာဝန်ကိုကြောက်ရွံ့ကြ၍ မိမိအား ပေးအပ်ထားသော လုပ်ငန်းတာဝန်ကို ရဲရဲရင့်ရင့်နဲ့ ကျေပွန်အောင်ဆောင် ရွက်နိုင်လျှင် တာဝန်ကို ကြောက်စရာမလိုကြောင်း၊ စည်းကမ်းကောင်း၍ ရိုးသားဖြောင့်မတ်ခြင်း ဖော်ရွေမှုရှိခြင်း သည်ဂုဏ်တစ်ရပ် ဖြစ်ပြီး မိမိကိုယ်တိုင် စည်းကမ်းရှိရန်လို၍ ထိုမှတဆင့် မြို့နယ် /ခရိုင်/ တိုင်းဒေသကြီး /ပြည်နယ် အလိုက်တစ်ဦးချင်းအသိနှင့် စည်းကမ်းလိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း - စစ်ဆေးရေးတာဝန်ထမ်းဆောင်ရာတွင် စာရင်းစစ်များသည် အခြေခံအကျဆုံး ဝန်ထမ်းများဖြစ်၍ အရေးအကြီးဆုံးဖြစ်ကြောင်းနှင့် စစ်ဆေးရသည့် အဖွဲ့အစည်း များကို ထောက်ပြပြောဆိုရာတွင် အခြေအနေမှန်ကို ဥပဒေ၊နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနှင့် အညီ အထောက်အထား ကိန်းဂဏန်းစာရင်း ဇယားနှင့်တကွရှင်းလင်း ဆွေးနွေးနိုင်ရမည် ပြောနိုင်ရမည်ဖြစ်ကြောင်း လမ်းညွှန်မှာ ကြားပါသည်။၄။ သင်တန်းဆင်းပွဲအခမ်းအနားကို နံနက်၁၁း၃၀နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
