ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် KPMG in Hong Kong မှ Chief Operating Officer Mr. Geoff Wilson ဦးဆောင်သော KPMG ကိုယ်စားလှယ်အဖွဲ့ အား လက်ခံတွေ့ဆုံ

 

၁။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းသည် KPMG in Hong Kong မှ Chief Operating Officer ဖြစ်သူ Mr. Geoff Wilson ဦးဆောင်သော KPMG ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ နေ့လယ် ၁း၃၀ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

၂။ ထိုသို့ တွေ့ဆုံရာတွင် IFRS ကို တိုက်ရိုက် လက်ခံကျင့်သုံးရန် မြန်မာနိုင်ငံ စာရင်းကောင်စီမှ ဆောင်ရွက်နေမှု၊ International Accounting Firms များနှင့် Local Private Audit Firms များ ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေ၊ စာရင်းအတတ်ပညာရှင်များ အတွက် ဝါဏိဇ္ဇဘွဲ့ရများအသင်း၊ မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ အသင်း၏ Continuous Professional Education (CPE) / Continuous Professional Development (CPD) ဆောင်ရွက်နေမှု နှင့် ယင်း CPE/ CPD အစီအစဉ်များအတွက် KPMG အနေဖြင့် ပူးပေါင်းပါဝင်၍ နည်းပညာ အကူအညီ ပေးနိုင်မှု အခြေအနေတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ ပါသည်။

၃။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။