၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် GIZ မှ Advisor ဖြစ်သူ Mr. Daniel BLESSING နှင့် GIZ ASEANSAI Project Assistant ဖြစ်သူ Ms. Dayana Lady တို့အား ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့ နေ့လယ် ၂း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၂။ ထိုသို့တွေ့ဆုံရာတွင် GIZ အနေဖြင့် မြန်မာနိုင်ငံတွင် Banking Sector ဘဏ္ဍာရေး အစီရင်ခံခြင်းလုပ်ငန်းများ တိုးတက်ရေးအတွက် ဆောင်ရွက်နေမှု၊ ဤရုံးနှင့် အခြားသော မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နေမှု၊ ဤရုံးဝန်ထမ်းများ၏ စွမ်းရည် မြှင့်တင်နိုင်ရေး ကိစ္စရပ်များအတွက် GIZ က ပိုမိုပူးပေါင်းဆောင်ရွက်သွားလိုမှု စသည် တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
၃။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
