ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် GIZ မှ Advisor ဖြစ်သူ Mr. Daniel BLESSING နှင့် GIZ ASEANSAI Project Assistant ဖြစ်သူ Ms. Dayana Lady တို့အားလက်ခံတွေ့ဆုံ

၁။   ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် GIZ မှ Advisor ဖြစ်သူ Mr. Daniel BLESSING နှင့် GIZ ASEANSAI Project Assistant ဖြစ်သူ Ms. Dayana Lady တို့အား ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့ နေ့လယ် ၂း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

၂။   ထိုသို့တွေ့ဆုံရာတွင် GIZ အနေဖြင့် မြန်မာနိုင်ငံတွင် Banking Sector ဘဏ္ဍာရေး အစီရင်ခံခြင်းလုပ်ငန်းများ တိုးတက်ရေးအတွက် ဆောင်ရွက်နေမှု၊ ဤရုံးနှင့် အခြားသော မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နေမှု၊ ဤရုံးဝန်ထမ်းများ၏ စွမ်းရည် မြှင့်တင်နိုင်ရေး ကိစ္စရပ်များအတွက် GIZ က ပိုမိုပူးပေါင်းဆောင်ရွက်သွားလိုမှု စသည် တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

၃။   အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။