
၁။ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ACCA Vice President Mr. Leo Lee ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၆ခုနှစ် ဇွန်လ (၂၀) ရက်နေ့ နံနက် ၁၀း၀၀နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၂။ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ လက်ရှိ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ International Public Sector Accounting Standards (IPSASs) နှင့် International Financial Reporting Standards (IFRSs) for SMEs အကောင်အထည်ဖော်မှု တို့အတွက် ဆောင်ရွက်မည့် ကိစ္စရပ်များ၊ ဤရုံး ဝန်ထမ်းများနှင့် စာရင်းပညာရှင်များ စွမ်းရည် မြှင့်တင်ရေး အတွက် ACCA မှ ထောက်ပံ့ကူညီပေးနိုင်မည့် ကိစ္စရပ်များ၊ ACCA အောင်မြင်ပြီးသည့် နိုင်ငံသားများကို CPA အဖြစ် အသိအမှတ်ပြုရေး ကိစ္စရပ်များ၊ Accounting & Auditing Fair ကျင်းပမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
၃။အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
