





ပြည်ထောင်စုစာရင်းစစ်ချုပ်ဉီးမော်သန်းနှင့် တာဝန်ရှိသူများသည် ၂၀၁၉ ခုနှစ်၊ မေလ ၂၅ ရက်နေ့၊ နံနက် ၈:၃၀ နာရီတွင် နေပြည်တော်၊ Park Royal Hotel ၌ EU GOPA ၏ My Governance Project မှ ကြီးမှူးကျင်းပသည့် Legal Framework of the Office of Auditor General of the Union in line with INTOSAI Standards and Practices ဆွေးနွေးပွဲနှင့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲမှာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့်သက်ဆိုင်သည့် ဥပဒေမူဘောင်ကို နိုင်ငံတကာစာရင်း စစ်ချုပ်ရုံးများအဖွဲ့ (INTOSAI) ၏ စံများနှင့်အညီဖြစ်အောင်ပြင်ဆင်၍ လက်တွေ့ဆောင်ရွက်နေမှုများကို ဥပဒေမူဘောင်နှင့်အညီ ဆောင်ရွက်နိုင်ရန် ကျင်းပခြင်းဖြစ်ပါသည်။
ပထမဉီးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ်က အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးမှ Director General ဖြစ်သူ Ms. Tora Jarlsby က SAI Mandate and Independence: International Best Practices နှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဉီးက Practices of Union Auditor General Office and Challenges နှင့်စပ်လျဉ်း၍လည်းကောင်း၊ My Governance Project မှ Senior Legal Consultant ဖြစ်သူ ဒေါက်တာဒေါ်ခင်မာရီက Comparison between Myanmar Legal Framework and International Standards of Supreme Audit Institutions (ISSAI) နှင့်စပ်လျဉ်း၍လည်း ကောင်းဆွေးနွေးကြရာ တက်ရောက်လာသူများက အကြံပြုဆွေးနွေးခြင်း၊ သိရှိလိုသည်များ မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ၊ ဥပဒေကြမ်းပူးပေါင်းကော်မတီ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံဆိုင်ရာဉရောပသမဂ္ဂ၏ My Governance Project ကိုယ်စားလှယ်အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
