၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် EU Mission မှ Expert ဖြစ်သူ Mr. Anders Hjertstrand ဦးဆောင်သောအဖွဲ့အား ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၂။ ထိုသို့တွေ့ဆုံရာတွင် Mr. Anders က Mandate, Legal framework and Organizational structure တို့နှင့်စပ်လျဉ်း၍ ဤရုံးမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့မှုများကို ရှင်းလင်း တင်ပြခဲ့ပြီး အခြားအဖွဲ့အစည်းများ၏ ထောက်ပံ့ပေးမည့်အစီအစဉ်များနှင့်မထပ်စေရေး EU မှ စီစဉ် ထားမှုများ၊ Mr. Anders နှင့် Mr. Ray Watkins တို့ဆောင်ရွက်ခဲ့သည့် Study Report နှင့်စပ်လျဉ်းသည့် Workshop ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (သို့မဟုတ်) ဖေဖော်ဝါရီလတွင် လာရောက်ပြုလုပ်မည့်ကိစ္စ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။
၃။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
