ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

စာရင်းစစ် (၁) များလုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် ( ၃၃ ) သင်တန်း ဖွင့်ပွဲအခမ်းအနား

၁။     ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့ နံနက်( ၁၀ း ၀၀) နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ စာရင်းစစ် ( ၁ ) များလုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် ( ၃၃ ) သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ်တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပါ သည်။

၂။     အဆိုပါ အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများ၊ သင်တန်းသူ/သား ( ၁၀၂ ) ဦး တက်ရောက်ခဲ့ပါသည်။

၃။     အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က -

-       ဤသင်တန်းကို ကျွမ်းကျင်သော စာရင်းပညာရှင်များ ပေါ်ထွန်းလာစေ ရန်၊ စာရင်းဇယားများ မှန်ကန်စွာပြုစုထိန်းသိမ်းတတ်စေရန်၊ ကိုယ်ကျင့် တရားကောင်းမွန်သော ဝန်ထမ်းကောင်းများ ပေါ်ထွန်းလာစေရန် စသည့်ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ခဲ့ကြောင်း၊

-       ဤသင်တန်းကျောင်းမှ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း တက်ရောက်

ပြီးသည့် စာရင်းစစ်(၁)စုစုပေါင်း (၂၇၆၉) ဦး မွေးထုတ်ပေးခဲ့ပြီးဖြစ် ကြောင်း၊

 

-       စာရင်းစစ်(၁)များသည် စာရင်းစစ်အဖွဲ့၏ ခေါင်းဆောင်အဖြစ် တာဝန်ယူ ဆောင်ရွက်ကြရသည့်အတွက် သတိသမ်ပဇဉ်အပြည့်ဖြင့် ဆောင်ရွက်ကြ ရန်၊ Professional Ethics များကိုလိုက်နာကြရန်နှင့် သိလည်းသိ၊ တတ်လည်းတတ်ပြီး ခေါင်းဆောင်ကောင်းများ ဖြစ်ကြရမှာဖြစ်ကြောင်း၊

-       စစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်ခြင်းသည် လွယ်မယောင်နှင့် အမှန် တကယ် အလုပ်လုပ်ရာတွင် စဉ်းစဉ်းစားစား ချင့်ချင့်ချိန်ချိန်လုပ်ရပြီး ခက်ခဲသည့်အလုပ်ကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊

-       နိုင်ငံတော်ပိုင်ကဏ္ဍစာရင်းများကို စစ်ဆေးရသည့် နိုင်ငံပိုင်ကဏ္ဍမှ စာရင်းစစ်များသည် တိုင်းပြည်အကျိုးပြုနိုင်သည့်အတွက်မွန်မြတ်ကြောင်း၊

-       မိမိတို့ စစ်ဆေးရေးလုပ်ငန်းများကို ပြောင်းလဲလာသည့်ခေတ်နှင့်အညီ ရင်ဘောင်တန်းနိုင်အောင် အထူးကြိုးစားကြရန်လိုအပ်ကြောင်း စသည် ဖြင့် လမ်းညွှန်မှာကြားခဲ့ပါသည်။

၄။    အခမ်းအနားကို   နံနက်(၁၀း၃၀)နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။