၁။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် EU/GOPA မှ Program Manager ဖြစ်သူ Mr. Patrick McClay ဦးဆောင်သောအဖွဲ့အား ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ မွန်းလွဲ ၂း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၂။ ထိုသို့တွေ့ဆုံရာတွင် EU မှ Technical Assistance ပုံစံဖြင့် အထောက်အပံ့ ပေးမည့်အစီအစဉ်များ၊ EU Budget Support ကိစ္စနှင့်စပ်လျဉ်း၍ အဖွဲ့ဝင်နိုင်ငံများအကြား ဆွေးနွေးမှုအခြေအနေ၊ ၂၀၁၇ ခုနှစ် ဇွန်လအတွင်း Human Resources Capacities and Capacity Development needs အတွက် EU Expert, Mr.Ray Watkins မှ လေ့လာခဲ့သော အစီရင်ခံစာအပေါ် Feedback များပေးရေး၊ ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် EU Expert, Mr. Ander Hjertetrand က Mandate ၊ Independence၊ Legal Framework၊ Organizational Structure တို့အား လေ့လာမှု ပြုလုပ်မည့်ကိစ္စနှင့် ၎င်းလေ့လာချက် အစီရင်ခံစာအပေါ် Validation Workshop ကျင်းပရေး စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။
၃။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
