
၁။ ISSAIs based Financial Audit Manual and Guidelines နှင့်စပ်လျဉ်း၍ Training for Trainers အလုပ်ရုံ ဆွေးနွေးပွဲကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်၌ ၂၀၁၇ ခုနှစ်၊ မေလ (၈) ရက်နေ့မှ (၁၂) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ အလုပ်ရုံ ဆွေးနွေးပွဲတွင် International of Supreme Audit Institutions (ISSAIs) ကို အခြေပြုရေးဆွဲထားသော Financial Audit Manual နှင့် Guidelines တွင် ပါဝင်သည့် အကြောင်းအရာများ၊ စာရင်းစစ်များ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်များ (Code of Ethics)၊ အဖွဲ့အစည်းများ၏ Internal Control System အပေါ် ဆန်းစစ်မှုများ၊ စာရင်းစစ်ဆေးရာတွင် အလေးထားရမည့် Materiality Level သတ်မှတ်ပုံ၊ နမူနာကောက်ရွေးချယ်ပုံနည်းလမ်း (Sampling Method)၊ စာရင်းစစ် အန္တရာယ်အကဲဖြတ်ခြင်းနှင့် နယ်ပယ် (Risk Assessment and Scope)၊ လက်တွေ့စစ်ဆေးမှုတွင် အသေးစိတ်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် အဆင့်များ (Substantive Procedures)၊ အဖွဲ့အစည်းနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် အသုံးပြုရမည့် ဆက်သွယ်မှုနည်းလမ်း (eg. Engagement Letter)၊ အစီရင်ခံစာပြုစုခြင်းနှင့် လိုက်နာဆောင်ရွက်မှုအပေါ် ကြီးကြပ်ခြင်း စသည်တို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
၃။ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရခြင်းဖြင့် International Standards of Supreme Audit Institutions (ISSAIs) အခြေပြု Financial Audit Manual and Guidelines ကို ထိထိရောက်ရောက် အသုံးပြုနိုင်သည့် နည်းလမ်းများအား ရှင်းလင်းစွာ သိရှိရပြီး လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ အသုံးပြုနိုင်မည် ဖြစ်ပါသည်။ အခြားနိုင်ငံများ၏ လက်တွေ့ကျင့်ထုံးများကို ဆက်စပ် သိရှိရသဖြင့် ဗဟုသုတများစွာ ရရှိကြပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်ရုံးတို့မှ အရာထမ်းများ၊ Asia Development Bank နှင့် နော်ဝေနိုင်ငံ စာရင်းစစ်ချုပ်ရုံးတို့မှ ကျွမ်းကျင်ပညာရှင်များ စုစုပေါင်း (၇၀) ဦးတက်ရောက်ခဲ့ကြပါသည်။
