ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် World Bank မှ Senior Financial Management Specialist ဖြစ်သူ Mr. Christopher Robert Fabling ဦးဆောင်သော PFM Mid Term Review Mission အား လက်ခံ တွေ့ဆုံ

၁။   ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် World Bank မှ Senior Financial Management Specialist ဖြစ်သူ Mr. Christopher Robert Fabling ဦးဆောင်သော PFM Mid Term Review Mission အား ၂၀၁၇ ခုနှစ် မတ်လ ၂၁ ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

၂။   ထိုသို့တွေ့ဆုံရာတွင် Public Finance Management Project တွင် ဤရုံးက ဆောင်ရွက်နေသည့် Component D2 ၏ တိုးတက်မှုအခြေအနေ၊ Project အတွက် နောက်ထပ်အကူအညီပေးနိုင်ရေး ဦးစားပေးအစီအစဉ်များ၊ Report on the Observance of Standards and Codes (ROSC) အစီရင်ခံစာထုတ်ပြန်နိုင်ရေး၊ World Bank Project စာရင်းစစ်ဆေးခြင်းဆိုင်ရာရလဒ်များ နှင့်စပ်လျဉ်း၍ Workshop ပြုလုပ်နိုင်ရေးတို့ကို ဆွေးနွေး ခဲ့ကြပါသည်။

၃။   အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ဤရုံးမှ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး) နှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ပါသည်။