၁။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းသည် EU မှ Senior Development Consultant ဖြစ်သူ Mr. Thomas Thomsen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၁၃) ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၂။ ထိုသို့ တွေ့ဆုံရာတွင် EU ၏ Budget အကူအညီပေးမှုတွင် ဤရုံးနှင့် ဗြိတိန်နိုင်ငံ စာရင်းစစ်ချုပ်ရုံးတို့ အကြား (၃)နှစ်ကြာ ဆောင်ရွက်မည့် Twinning Project နှင့်စပ်လျဉ်း၍ Project တွင် ပါဝင်မည့် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဤလုပ်ငန်းဆောင်ရွက်မှုအပေါ် ပြည်ထောင်စု စာရင်းစစ်ချုပ်၏ သဘောထား အမြင်နှင့် ဖြည့်စွက်ဆောင်ရွက်လိုသည့် အချက်များ စသည်တို့ကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ပါသည်။
၃။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
