၁။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းသည် EU မှ Senior Development Consultant ဖြစ်သူMr. Thomas Thomsen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၆ခုနှစ် အောက်တိုဘာလ (၁၀) ရက်၊ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးဧည့်ခန်း၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၂။ ထိုသို့ တွေ့ဆုံရာတွင် EU ၏ Budget အကူအညီပေးမှုတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဗြိတိန်နိုင်ငံစာရင်းစစ်ချုပ်ရုံးတို့ အကြား (၃)နှစ်ကြာTwinning Arrangement ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ဤလုပ်ငန်းဆောင်ရွက်မှုအပေါ် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ သဘောထားအမြင်နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ဦးစားပေး ဆောင်ရွက်လိုသည့် နယ်ပယ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ပါသည်။
၃။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ် (စစ်ဆေးရေး)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
