ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် World Bank မှ Governance Practice ဆိုင်ရာ အရှေ့အာရှဒေသမန်နေဂျာဖြစ်သူ Mr Rob Taliercio ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

၁။   ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် World Bank မှ Governance Practice ဆိုင်ရာ အရှေ့အာရှဒေသမန်နေဂျာဖြစ်သူ Mr Rob Taliercio ဦးဆောင်သောအဖွဲ့အား ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့ နေ့လယ် ၂း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

၂။   ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း နှင့်စပ်လျဉ်း၍ ဤရုံးမှ Component D2 ကို အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေ၊ ယင်းစီမံကိန်းအရ ဆောင်ရွက်ရန် အဆိုပြုထားသည်‌့ စာရင်းပိုင်း ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုုဖြစ်သည့် IPSASs အကောင်အထည်ဖော်ရေး အပါအဝင် ရှေ့ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များနှင်‌့ စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

၃။   အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) နှင်‌့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။