ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ဥရောပသမဂ္ဂ (European Union-EU) မှ Deputy Head of Cooperation ဖြစ်သူ Dr. George Dura နှင်‌့ အဖွဲ့အား လက်ခံတွေ့ဆုံ

၁။   ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ဥရောပသမဂ္ဂ (EU) မှ Deputy Head of Cooperation ဖြစ်သူ Dr. George Dura ဦးဆောင်သောအဖွဲ့အား ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၁း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည်‌့ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

၂။   ထိုသို့တွေ့ဆုံရာတွင် EU နှင့် မြန်မာနိုင်ငံအစိုးရတို့အကြား ချုပ်ဆိုရန် ပြုစုရေးဆွဲလျက် ရှိသည့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုသဘောတူညီချက်စာချုပ်အရ ပြင်ပစာရင်းစစ်လုပ်ငန်း အပေါ် အဆိုပြုထားသည်‌့ ဘတ်ဂျက်အကူအညီပေးရေး အညွှန်းကိန်းဆိုင်ရာကိစ္စရပ်၊ UK National Audit Office နှင်‌့ Twinning Program ပြုလုပ်ရေးကိစ္စရပ်များနှင်‌့စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြပါသည်။

၃။   အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) နှင်‌့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။