၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် World Bank မှ Senior Financial Management Specialist ဖြစ်သူ Mr. Christopher Robert Fabling နှင့် PFM Project Task Team Leader ဖြစ်သူ Mr. Atul Deshpande တို့ဦးဆောင်သော အဖွဲ့အား ၂၀၁၆ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့ နံနက် ၁၁း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၂။ ထိုသို့တွေ့ဆုံရာတွင် Private Sector ၌ International Financial Reporting Standards (IFRSs) လိုက်နာကျင့်သုံးရေး နှင့် Public Sector ၌ International Public Sector Accounting Standards (IPSASs) လိုက်နာကျင့်သုံးနိုင်ရေး၊ Report on the Observance of Standards and Codes (ROSC) အစီရင်ခံစာထုတ်ပြန်မည့်အခြေအနေ၊ ROSC Report ၏သုံးသပ်ချက်များအပေါ်အခြေခံ၍ ဤရုံးဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်နိုင်ရေးကိစ္စရပ်များကို Myanmar - Modernization of Public Finance Management Project (M-MPFMp) တွင် ထည့်သွင်းဆောင်ရွက်သွားနိုင်ရေးအတွက် ထပ်မံတွေ့ဆုံညှိနှိုင်းသွားမည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
၃။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
