ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့(IMF) မှ Advisor ဖြစ်သူ Mr. Darryn Jenkins အား လက်ခံတွေ့ဆုံ

၁။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းသည် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) မှ Advisor ဖြစ်သူ Mr. Darryn Jenkins အား ၂၀၁၆ ခုနှစ် ဇွန်လ (၂၁) ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။

၂။ ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် သက်ဆိုင်ရာ ပြည်နယ်/တိုင်း၊ ခရိုင် နှင့် မြို့နယ်အဆင့် စာရင်းစစ်ရုံးများတွင် စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရ လုပ်ငန်းဌာနများသည် အခွန်ဆိုင်ရာ သီးခြားပြဌာန်းထားသော ဥပဒေများနှင့်အညီ လိုက်နာမှုရှိ မရှိထည့်သွင်းစစ်ဆေးမှု၊ အခွန်ရငွေသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးပါ မှု၊ နိုင်ငံတကာတွင် ကျင့်သုံးနေသည့် အခွန်ထမ်း ကိုယ်တိုင်အခွန်စည်းကြပ်မှုစနစ် (Self-Assessment-System) ဖြင့် ကျင့်သုံးမှုများ၊ အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များနှင့် အခွန်စနစ်တွင် ဥပဒေဆိုင်ရာ ပြဌာန်းချက်များကို အခွန်ထမ်းများ၊ စာရင်းစစ်များမှ ဒွိဟမဖြစ်စေဘဲ ရှင်းလင်းနားလည်ရန် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ ကြပါသည်။

၃။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ၊ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။