ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

CIMA Head of Strategic Business ဖြစ်သူ Mr.Venkkat Ramanan ဦးဆောင်သော Chartered Institute of Management Accountants (CIMA) ကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း အား လာရောက်တွေ့ဆုံ

၁။ ၂၀၁၆ ခုနှစ် မေလ (၅)ရက်နေ့ နံနက် ၉း၃၀ နာရီတွင် CIMA Head of Strategic Business ဖြစ်သူ Mr.Venkkat Ramanan ဦးဆောင်သော Chartered Institute of Management Accountants (CIMA) ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းအား လာရောက်တွေ့ဆုံပါသည်။
၂။ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် Chartered Institute of Management Accountants (CIMA) ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံရာ၌ မြန်မာနိုင်ငံတွင် စီမံခန့်ခွဲမှု စာရင်းပညာရပ် တိုးတက်လာစေရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် CIMA-MICPA CFO Programme နှင့် CIMA ၏ လက်ရှိတိုးတက်မှု အခြေအနေများ၊ မြန်မာနိုင်ငံတွင် CIMA က ဆောင်ရွက်ပေးရန် မျှော်မှန်းထားသည့် အနာဂတ်အတွက် CIMA ၃ နှစ်စီမံချက်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
၃။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များ အသင်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။