ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) သင်တန်း ၂၀၁၆-၂၀၁၇ ပညာသင်နှစ် သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

၁။ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့ နံနက် ၉း၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) သင်တန်း ၂၀၁၆-၂၀၁၇ ပညာသင်နှစ် သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပရာ အမြဲတမ်းအတွင်းဝန် ဒေါ်ခင်စန်းဦး တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့သည်။
၂။ အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများ၊ သင်တန်းသား/သူ (၃၇၅)ဦး တက်ရောက်ခဲ့ ပါသည်။
၃။ အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန် ဒေါ်ခင်စန်းဦး မှ လမ်းညွှန်အမှာစကား ပြောကြား ရာတွင်-

  • Certified Public Accountant (CPA) ဘွဲ့ရသူများအား စာရင်းပညာရှင်အဖြစ် သတ်မှတ်၍ Diploma Accountancy (DA) ဘွဲ့ရသူများကို စာရင်းကျွမ်းကျင်သူအဖြစ် သတ်မှတ် ကြောင်း၊
  • စာရင်းပညာရှင် (CPA) ဖြစ်ရန် စာရင်းကျွမ်းကျင်သူ (DA) မှတစ်ဆင့် တက်လှမ်း ပါကလည်း သင်ခန်းစာများ ပိုမိုကျေညက်၍ ပိုမိုထိရောက်နိုင်ကြောင်း၊
  • သင်တန်းကာလမှာ (၁၀)လ တက်ရောက်ရမည်ဖြစ်၍ ပထမ(၅)လတွင် ကျောင်းခေါ်ချိန် (၆၀%) တစ်ကြိမ်၊ ဒုတိယ(၅)လတွင် အပြီးသတ် ကျောင်းခေါ်ချိန် (၆၀%) တစ်ကြိမ် ထုတ်ပြန်ပြီး ဘာသာရပ်အလိုက် (၆၀%) ပြည့်မီမှသာ စာမေးပွဲဖြေဆိုခွင့်ရှိမည် ဖြစ်ကြောင်း၊
  • ကျောင်းမှန်မှန်တက်၍ DA ဘွဲ့ကို ရချင်သော စိတ်ဆန္ဒဖြင့် မဆုတ်မနစ် ကြိုးစားပါက အောင်မြင်နိုင်မည် ဖြစ်ကြောင်း၊
  • “ကြီးသူကို ရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနား” ဆိုသည့် စကားနှင့်အညီ ဆရာ သမားများ၏ ဆိုဆုံးမမှှုကို နာခံရမည်ဖြစ်ကြောင်း၊
  • ကထိကများသည် တက္ကသိုလ်များကဲ့သို့ သီးသန့်ခန့်ထားခြင်းမရှိဘဲ မိမိတို့၏ ပင်မ ရုံးအလုပ်များကိုပစ်ပြီး စာလာသင်ရသည်ဖြစ်၍ ဆရာ၊ ဆရာမများ၏ စေတနာကို နားလည်လေးစားစေချင်ကြောင်း၊
  • မိမိ၏ ကျိုးကြောင်းဆင်ခြင်နိုင်သော Critical Thinking ဖြင့် လုပ်သင့်သည်ကိုလုပ်၍ မလုပ်သင့်သည်ကို မလုပ်သော ချင့်ချိန်ဝေဖန်နိုင်စွမ်းအားရှိရန် လိုကြောင်း၊
  • ဆရာ၊ ဆရာမများသည် Basic ခိုင်ရန် သင်ကြားပေးသည်ဖြစ်၍ Basic ကို အခြေပြု၍ မိမိတို့မှ ကျိုးကြောင်းဆက်စပ်တွေးခေါ်လေ့လာရမည်ဖြစ်ကြောင်း၊
  • ဆရာ၊ ဆရာမများ သင်ကြားပေးသည်ကိုသာ မှတ်သားသည့် One Way System ကို အသုံးမပြုဘဲ ဆရာ၊ ဆရာမများကို အမေး၊ အဖြေ Discuss လုပ်နိုင်သည့် Two Ways System ကို အသုံးပြုရန် လိုကြောင်း၊
  • နိဂုံးချုပ်အနေဖြင့် ပုခုံးပြောင်းတာဝန်ကို မျိုးဆက်သစ်များလက်ထဲသို့ အပ်နှင်းရမည်ဖြစ်၍ မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် တစ်နှစ်တစ်တန်း နှစ်ချင်းပေါက်အောင်မြင်၍ (CPA) တက်လှမ်းနိုင်သည်အထိ အောင်ပန်းများ ဆွတ်ခူးနိုင်ကြပါစေကြောင်း၊

၄။ အခမ်းအနားကို နံနက် (၁၀း၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။