ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

စာရင်းစစ်(၁)များ လုပ်ငန်းခွင်ကျွမ်းကျင်မှု အမှတ်စဉ်(၃၁) သင်တန်းဆင်းပွဲ

၁။ ၂၀၁၅ခုနှစ်၊ ဇူလိုင်လ(၈)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ်(၁)များ လုပ်ငန်းခွင် ကျွမ်းကျင်မှု အမှတ်စဉ် (၃၁)သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပရာ ဒုတိယစာရင်းစစ်ချုပ်ကိုယ်စား အမြဲတမ်းအတွင်းဝန်/ တာဝန်ခံညွှန်ကြားရေးမှူးချုပ် တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။

၂။ အဆိုပါအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တတိယညွှန်ကြားရေးမှူးများ၊ ကထိကများ၊ သင်တန်းသား/ သူ (၇၅)ဦး တက်ရောက်ခဲ့ပါသည်။

၃။ အခမ်းအနားတွင်အမြဲတမ်းအတွင်းဝန်/တာဝန်ခံ ညွှန်ကြားရေးမှူးချုပ်မှ လမ်းညွှန်အမှာစကားပြောကြားရာတွင် -

  • စာရင်းစစ်(၁)များသည် မိမိတို့၏ ပင်မလုပ်ငန်းဖြစ်သည့် စာရင်းစစ်လုပ်ငန်း၏ တိုက်စစ်မှူး အမာခံအင်အားများဖြစ်ကြောင်း
  • စာရင်းစစ်(၁)များသည် စာရင်းစစ်အဖွဲ့တွင် အဖွဲ့ခေါင်းဆောင် Leader/Keyplayer များ ဖြစ်သည့်အလျောက် မိမိတို့စွမ်းဆောင်မှု အရည်အသွေးများသည် ရုံး၏ပုံရိပ်ကို ထင် ဟပ် စေကြောင်းနှင့် ရုံး၏ဂုဏ်သတင်းကို အဆင့်အတန်း မြင့်တက်စေနိုင်ကြောင်း
  • ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်းများကို အမြဲတမ်းလေ့လာ နားလည် တတ်ကျွမ်းနေရမည် ဖြစ်ကြာင်း
  • သင်တန်းမှ ပို့ချသင်ကြားမှုများသည် ပြည့်စုံပြီဟု မယူဆဘဲ ဆက်လက်လေ့လာပြီး ၎င်းတို့ ကို ပြန်လည် အသုံးချစေလိုကြောင်း
  • တိုးတက်သစ်ဆန်းနေသည့် သတင်းအချက်အလက်များအပေါ် အမြဲတမ်း ပညာယူလေ့လာ ဆည်းပူးသင်ယူရမည်ဖြစ်ကြောင်း
  • နိဂုံးချုပ် အနေဖြင့် မိမိသိထား၊တတ်ထားသမျှကို မိမိလက်အောက်မှ ဝန်ထမ်းများအား လက်ဆင့်ကမ်း သင်ကြားပေးရန် လိုကြောင်းနှင့် ဗုဒ္ဓဘာသာ လူမျိုးများဖြစ်သည့် အလျောက် ယဉ်ကျေးသိမ်မွေ့ပြီး ကိုယ်ချင်းစာစိတ်ဖြင့် အလုပ်များကို ဆောင်ရွက်သွားရန် လိုကြောင်း မှာကြားသွားပါသည်။

၄။အခမ်းအနားကိုနံနက်(၁၀ း ၃၀)နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။