ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများနှင့်အတူ မိတ်ဆုံစားပွဲကျင်းပခြင်း

နိုင်ငံနှင့်ပြည်သူ့အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားပြီး ပြည်ထောင်စုစာရင်းစစ်ချူပ်ရုံး၏ “ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုတိုးတက်ကောင်းမွန်စေရေးထိန်းကျောင်းပေး” ဆောင်ပုဒ်နှင့်အညီ စစ်ဆေးရေးနှင့်ရုံးလုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်နေကြသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းမိသားစုများ၏ ဂုဏ်ပြုမိတ်ဆုံစားပွဲကို ၂၄-၁၁-၂၀၂၂ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စားရိပ်သာ၌ ကျင်းပခဲ့သည်။

မိတ်ဆုံစားပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးက ဝန်ထမ်းများသည် မိမိတို့ ဌာန၏ ရည်မှန်းချက်တာဝန်များအောင်မြင်စေရန် အဆင့်အလိုက် ပူးပေါင်းဆောင်ရွက်နေကြသည့် လုပ်ဖော်ကိုင်ဖက်များဖြစ်ကြောင်း၊ တာဝန်ကျေပွန်မှု၊ လုပ်ငန်းများအား စည်းကမ်းရှိရှိ၊ သစ္စာရှိရှိ စိတ်ဝင်တစားလုပ်ဆောင်နေမှုများကို အသိအမှတ်ပြု အလေးထားပါကြောင်း၊ ယခုထက် ပိုမိုနွေးထွေးစွာ မိသားစုစိတ်ဓာတ်ဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ညီညီညွတ်ညွတ် ဆက်လက်ဆောင်ရွက်ကြစေလိုပါကြောင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ (စစ်ဆေးရေး/ စီမံ)၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများသည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအရာထမ်း၊ အမှုထမ်းများနှင့်အတူ နံနက်စာ အတူတကွ သုံးဆောင်ခဲ့ကြသည်။