ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ် နှင့် တာဝန်ရှိသူများ IDI-ASEANSAI Joint Webinar on Strengthening SAI Audit of SDG Implementation အစည်းအဝေးသို့တက်ရောက်ခြင်း

ကုလသမဂ္ဂ၏ SDG အကောင်အထည်ဖော်မှုဆိုင်ရာ Performance Audit ကို မဆောင်ရွက်မီ Heads of SAIs နှင့် Senior Officials များအကြား IDI SDGs Audit Model (ISAM) awareness ဖြစ်စေရန် ရည်ရွယ်၍ IDI-ASEANSAI Joint Webinar on Strengthening SAI Audit of SDG Implementation ကို SAI Malaysia က ဦးဆောင်၍ အဖွဲ့ဝင်နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များဖြင့်   ၉-၉-၂၀၂၀ ရက်နေ့၊ နေ့လယ် ၁:၃၀ နာရီတွင် Blackboard platform ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ASEANSAI နှင့်Knowledge Sharing Committee-KSC ဥက္ကဋ္ဌဖြစ်သည့် SAI Malaysia မှ Performance Audit Department ၏ ဒုတိယစာရင်းစစ်ချုပ်ဖြစ်သူ Hon. Mr. Khalid Khan Abdullah Khan ကအဖွင့်မိန့်ခွန်းပြောကြား၍ အစည်းအဝေးကို စတင်ပါသည်။

အစည်းအဝေးတွင် IDI ၏ Professional and Relevant SAIs Department မှ Manager ဖြစ်သူ Mr. Yudi Budiman က အစည်းအဝေးကျင်းပရသည့် ရည်ရွယ်ချက်ကိုဆွေးနွေးပြီး panelist များကို ပါဝင်ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပါသည်။ မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့မှ ကိုယ်စားလှယ်များက  ကုသသမဂ္ဂက ချမှတ်ထားသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့်  စာရင်းစစ်ဆေးခြင်းကို ဆွေးနွေးခဲ့ကြပါသည်။

Panel Discussion ပြီးဆုံးသည့်အခါတွင် IDI ၏ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သည့် Ms.Archana Shirsat ကကုလသမဂ္ဂ၏ ၂၀၃၀ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအစီအမံများနှင့် ချိတ်ဆက်၍ စာရင်းစစ်ဆေးရန်ချမှတ်ထားသည့် IDI SDG Audit Model ကိုမိတ်ဆက်ဆွေးနွေးပါသည်။ ထို့နောက် တက်ရောက်လာသောအဖွဲ့ဝင်များ၏ မေးမြန်းချက်များကို Mr. Yudi Budiman က ဦးဆောင်၍ panelists များနှင့် အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။ ထို့နောက် Mr. Khalid Khan Abdullah Khan က အစည်းအဝေးနိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး မွန်းလွဲ ၃: ၃၀ နာရီတွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။