ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများ ASEANSAI Task Force အစည်းအဝေးသို့ တက်ရောက်ခြင်း

ASEANSAI ၏ Legal Capacity ပိုင်းဆိုင်ရာ လိုအပ်ချက်များအပေါ် အကြံပြုချက်များ ၊ ‌လေ့ လာဆန်းစစ်မှုများ၊ ဆွေးနွေးမှုများပြုလုပ်ရန်နှင့် ယင်းမှရရှိလာသည့် ရလဒ်များကို အဖွဲ့ဝင်နိုင်ငံ များအားလုံးထံသို့ ပြန်လည်ဖြန့်ဝေနိုင်ရန် ရည်ရွယ်၍ ASEANSAI Task Force Meeting ကို   SAI Malaysia မှဦးဆောင်ပြီး  ASEANSAI အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များဖြင့် ၈-၉-၂၀၂၀ ရက် နေ့၊ နေ့လယ် ၁၂:၃၀ နာရီတွင် Zoom Platform ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

            အစည်းအဝေးတွင် ASEANSAI ဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံစာရင်းစစ်ချုပ် H.E YBhg. Mr. Datuk Nik Azman Nik Abdul Majid က နံနက် ၈:၀၀ နာရီတွင်ကျင်းပခဲ့သော Executive Committee Meeting တွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို အကျဉ်းချုပ်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး အစည်းအဝေးကို အစီအစဉ် ၆  ရပ်ဖြင့် ကျင်းပခဲ့ပါသည်။

            အစည်းအဝေးတွင် ASEANSAI ၏ Legal Capacity နှင့်စပ်လျဉ်းသည့်အဖွဲ့ ဖွဲ့စည်းရေး ဆိုင်ရာ Terms of Reference (ToR) နှင့် ASEANSAI အဖွဲ့အတွင်း ဥပဒေရေးရာလိုအပ်ချက်များ၊ လေ့လာရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး အင်ဒိုနီးရှားနိုင်ငံစာရင်းစစ်ချုပ်ရုံးအား ASEANSAI Legal Capacity အဖွဲ့ဥက္ကဋ္ဌအဖြစ်ခန့်အပ်ရန် ASEANSAI အဖွဲ့ဝင်များက  သဘောတူညီခဲ့ကြပြီး နေ့လယ် ၃:၀၀ နာရီတွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

             အဆိုပါ အစည်းအဝေးသို့ ASEANSAI ၏ ဒုတိယဥက္ကဋ္ဌဖြစ်သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်၊  အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး) ၊ ဒုတိယအမြဲတမ်းအတွင်းဝန် နှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပါသည်။