ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်းနှင့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းလိုက်နာမှုစစ်ဆေးခြင်းတို့နှင့်စပ်လျဉ်း သည့်စစ်ဆေးချက်အစီရင်ခံစာရေးသားခြင်း အလုပ်ရုံဆွေးနွေးပွဲ (Performance and Compliance Audit Report Writing Workshop) ကျင်းပပြုလုပ်ခြင်း

၁။        နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံး (OAGN) မှ အကြံပေးပုဂ္ဂိုလ်များဖြစ်ကြသည့် Mrs. Ingvild Gulbrandsen၊ Ms. Ann-Kristin Nymo၊ Mr. Anders Pilskog နှင့် Mr. Ingvald Heldal တို့ဦးဆောင်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများနှင့် စာရင်းစစ်ရုံး အဆင့်ဆင့်မှ Performance Audit နှင့် Compliance Audit အဖွဲ့များနှင့် အခြားစာရင်းစစ်ဝန်ထမ်းများသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမနှင့် အစည်းအဝေးခန်းမတို့၌  လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်းနှင့် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းလိုက်နာမှုစစ်ဆေးခြင်းတို့နှင့် စပ်လျဉ်းသည့် စစ်ဆေးချက်အစီရင်ခံစာရေးသားခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။         အလုပ်ရုံဆွေးနွေးပွဲ၌ စစ်ဆေးချက်အစီရင်ခံစာရေးသားခြင်းနှင့် စပ်လျဉ်းသည့် အချက်အလက်များနှင့် နည်းစနစ်များအတွက် Presentations နှင့် Group Discussions များဆောင်ရွက်ခြင်း၊ Dinner Party တစ်ခုကျင်းပပြုလုပ်သကဲ့သို့ သက်ဆိုင်ရာစစ်ဆေးရေးအဖွဲ့များမှ ဆောင်ရွက်ရာတွင် စစ်ဆေးတွေ့ရှိချက်များနှင့် စစ်ဆေးရေးအထောက်အထားများကို ခွဲခြားသတ်မှတ်ခြင်း၊ စစ်ဆေးရေးမေးခွန်းများကို ဖြေကြားချက်များနှင့်  စစ်ဆေးရေးအထောက်အထားများ ကောက်ယူစုစည်းမှု အခြေအနေတို့ကို ဆွေးနွေးခြင်း၊ စစ်ဆေးရေးအဖွဲ့များ၏ Executing Phase တွင် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို Follow-up ပြုလုပ်ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ပါသည်။

၃။        အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်းအားဖြင့် တက်ရောက်သူများအား Compliance Audit နှင့် Performance Audit တို့၏ အစီရင်ခံတင်ပြခြင်းတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ နည်းစနစ်များနှင့် လုပ်ထုံးလုပ်နည်းများ စသည်တို့နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများ ရရှိစေပါသည်။

၄။        အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ (စစ်ဆေးရေး) နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးများနှင့် စာရင်းစစ်ရုံး အဆင့်ဆင့်မှ စာရင်းစစ်ဝန်ထမ်း (၁၂၂) ဦး တက်ရောက်ခဲ့ကြပါသည်။

၅။        အလုပ်ရုံဆွေးနွေးပွဲရက် ဒုတိယနေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ (စစ်ဆေးရေး)ထံ နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးမှ အကြံပေးပုဂ္ဂိုလ်များက လာရောက်တွေ့ဆုံပြီး အလုပ်ရုံဆွေးနွေးပွဲအတွင်းတွင် ပို့ချခဲ့သည့် အစီရင်ခံခြင်းဆိုင်ရာကိစ္စရပ်များနှင့် နည်းစနစ်များ၊ အလုပ်ရုံ ဆွေးနွေးပွဲအတွင်းတွင် Dinner Party တစ်ခုကျင်းပပြုလုပ်သကဲ့သို့ သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့များမှ ဆောင်ရွက်ရာတွင် စစ်ဆေးတွေ့ရှိချက်များကို Management Team အနေဖြင့် ပါဝင်ဆွေးနွေးပေးရန် ကိစ္စရပ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။