ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

စာရင်းစစ် - ၁ များ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် - ၃၅ သင်တန်းဆင်းပွဲအခမ်းအနား

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

သတင်းထုတ်ပြန်ချက်

 

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ( ၂ ) ရက်

 

၁။        ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ( ၂ ) ရက်နေ့ နံနက် ( ၁၀ : ၀၀ ) နာရီအချိန်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ် - ၁ များ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် - ၃၅ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။

၂။         အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ သင်တန်းကထိကများနှင့် သင်တန်းသူ/သား (၁၂၃) ဦး တက်ရောက်ခဲ့ပါသည်။

၃။        အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါတို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်-

  • ဤသင်တန်းအပတ်စဉ်မှစ၍ ပြည်သူ့ရေးရာအစီအမံများ၊ အစိုးရအဖွဲ့အစည်းများ၏ လုပ်ငန်းများအပေါ် လွှတ်တော်က ထိန်းညှိဆောင်ရွက်ပုံများကို သင်တန်းသားများအနေဖြင့် အတွေ့အကြုံအသစ်များ ရရှိစေရန် လွှတ်တော်လေ့လာရေးခရီးစဉ် စီစဉ်ပေးခဲ့ကြောင်း၊
  • သင်တန်းမှရရှိလိုက်သည့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများဖြင့် ရပ်တန့်မနေဘဲ ကိုယ်တိုင်လေ့လာသင်ယူသော ပညာရေးပုံစံ Informal Education ဖြင့် ဆက်လက် ဆည်းပူးကြရန်လိုကြောင်း၊
  • ရှိသင့်ရှိထိုက်သော ခေါင်းဆောင်မှုစွမ်းရည်၊ စီမံခန့်ခွဲမှုစွမ်းရည်နှင့် ခေါင်းဆောင်ကောင်း တစ်ယောက်တွင်ရှိရမည့် စိတ်ထားများ ပြည့်စုံရန် လိုအပ်ကြောင်း၊
  • မိမိဦးဆောင်ရသည့် အဖွဲ့ဝင်များ၏ ပညာရပ်ပိုင်း၊ ကျင့်ဝတ်ပိုင်း အားကောင်းရေး ထိန်ကျောင်းလမ်းညွှန်ရန်နှင့် Teamwork ဖြင့် လုပ်ကိုင်ဆောင်ရွက်ခြင်းမှ ပိုမိုကောင်းမွန်သောရလဒ်များ ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊
  • တာဝန်ထမ်းဆောင်ရာတွင် ရိုးသားဖြောင့်မတ်ခြင်း၊ ဥပဒေ၊ စည်းမျဉ်းစဉ်းကမ်းလိုက်နာခြင်း ကျင့်ဝတ်စောင့်ထိန်းခြင်းဖြင့် ဝန်ထမ်းကောင်းများအဖြစ် ပြုမူနေထိုင်သွားကြရန် တိုက်တွန်းလိုကြောင်း၊

၄။        သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် ( ၁၀ : ၃၀ ) နာရီတွင် ရုပ်သိမ်း၍ အခမ်းအနား တက်ရောက်လာသူများကို နို့စိမ်းခေါက်ဆွဲဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။