ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ဉီးမော်သန်းသည် ကမ္ဘာ့ဘဏ်ကိုယ်စားလှယ်အဖွဲ့၊ ငွေတိုက်ဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ

         ပြည်ထောင်စုစာရင်းစစ်ချုပ်ဉီးမော်သန်းသည် ကမ္ဘာ့ဘဏ်မှ Public Financial Management Specialist ဖြစ်သူ Mr.Christopher Fabling ဉီးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ငွေတိုက်ဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများအား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့၊ နေ့လယ် ၁:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

         ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတကာနိုင်ငံပိုင်ကဏ္ဍစာရင်းစံများ (International Public Sector Accounting Standards-IPSAS) နှင့် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ (International Financial Reporting Standards - IFRS) နှင့်အညီ နိုင်ငံပိုင်ကဏ္ဍစာရင်းစံများနှင့် ဘဏ္ဍာရေးအစီရင်ခံခြင်း (Public Sector Accounting Standards and Financial Reporting) သို့ အသွင် ကူးပြောင်းရေးနှင့်စပ်လျဉ်း၍ IPSAS Transition Plan မူကြမ်းပါ အဓိကအချက်များနှင့်၊  IPSAS Transition Plan ကို အကောင်အထည်ဖော်ရေးစသည့်ကိစ္စရပ် များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

         အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။