ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ADB မှ Senior Financial Management Specialist ဖြစ်သူ Ms.Augustina Musa ဦးဆောင်သောအဖွဲ့အားလက်ခံတွေ့ဆုံ

၁။       ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ Senior Financial   Management Specialist ဖြစ်သူ Ms. Augustina Musa ဦးဆောင်သောအဖွဲ့အား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်‌ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

၂။    ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးအစီရင်ခံတင်ပြခြင်းနှင့်စစ်ဆေးခြင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ADB မှထောက်ပံ့ကူညီပေးနိုင်မည့်နယ်ပယ်များ၊ ADB ၏ ငွေကြေးအထောက်အပံ့ဖြင့်ဆောင်ရွက်နေသည့် စီမံကိန်းများ၏ ဘဏ္ဍာရေးရှင်းတမ်းများအား ပုဂ္ဂလိကစာရင်းစစ်များဖြင့် စစ်ဆေးနိုင်ရန် လိုအပ်ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

၃။       အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်  (စစ်ဆေးရေး) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။