ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ (၁၂) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အခမ်းအနား ကျင်းပခြင်း

ပြည်ထောင်စုစာရင်းချုပ်ရုံး၏ (၁၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်  အခမ်းအနားအား ပြည်ထောင်စုစာရင်းချုပ်ရုံး၊    ရုံးအမှတ် (၁၂)   နေပြည်တော်ရှိ  စုပေါင်းခန်းမ၌  ၁-၁၁-၂၀၁၉  နေ့ နံနက် ၉:၃၀ နာရီတွင်  ကျင်းပရာ  ဘုရားကြီးကျောင်းတိုက်နှင့်     ရတနာဘုမ္မိသာရကျောင်းတိုက် သံဃာတော်များထံ ကထိန်လျာဉတ်သင်္ကန်းကြီး နှင့်   လှူဖွယ်ဝတ္ထုအစုစု   ငွေကျပ်  ၅,၆၈၄,၅၅၀   နှင့် ပစ္စည်းတန်ဖိုးကျပ် ၄,၁၇၂,၂၇၈  စုစုပေါင်း ကျပ်  ၉,၈၅၆,၈၂၈  တို့အား ဆက်ကပ်လှူဒါန်းပြီး ဆရာတော်များမှ ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ခြင်း၊  အနုမောဒနာတရား ဟောကြားချီးမြှင့်ခြင်း နှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှဝေခြင်းတို့ကို ပြုလုပ်ကြပါသည်။ အခမ်းအနားသို့  ပြည်ထောင်စုစာရင်းစစ်ချုပ်၊  အမြဲတမ်းအတွင်းဝန်၊  ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)၊ ဒုတိယအမြဲတမ်းအတွင်းဝန် နှင့် ဒုတိယညွှန်ကြားရေးမှုးချုပ်များ၊ ညွှန်ကြားရေးမှူးများ နှင့် ဝန်ထမ်းများတက်ရောက်ကြပါသည်။