








ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်
၁။ ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ : ၃၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် ဦးစီးအရာရှိများမွမ်းမံသင်တန်းအမှတ်စဉ်(၃/၂၀၁၉) ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းတက်ရောက်၍ သင်တန်းဖွင့်လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသူ/ သင်တန်းသား ၁၂၂ ဦး တက် ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည် -
- မိမိတို့ရုံးသည် စာရင်းစစ်ဆေးခြင်းဖြင့် နိုင်ငံတော်၏အုပ်ချုပ်ရေးယန္တရားကို အထောက်အကူပြုသည့်ကဏ္ဍမှ အရေးကြီးသည့်လုပ်ငန်းတာဝန်ကို ထမ်းဆောင်လျက်ရှိကြောင်း၊
- အစိုးရကဏ္ဍအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များသည် နိုင်ငံတော်နှင့် ပြည်သူအတွက် မည်သည့်အတိုင်းအတာအထိ အကျိုးသက်ရောက်မှုရှိသည်ကို စစ်ဆေး၍ လွှတ်တော်သို့ တင်ပြလျက်ရှိကြောင်း၊
- ဝန်ကြီးဌာနအဖွဲ့အစည်းများက လုပ်ငန်းဆောင်ရွက်လျက်ရှိရာတွင် မူလချမှတ်ထားသည့် ရည်ရွယ်ချက်များနှင့်အညီ ဆောင်ရွက်မှု ရှိ မရှိ ကူညီထိန်းကျောင်းပေးရန်ဖြစ်ကြောင်း၊
- လုပ်ငန်းများပိုမိုထိရောက်အောင်မြင်ရေး ရည်ရွယ်ချက်ဖြင့် ဝန်ထမ်းများစွမ်းဆောင်ရည် မြှင့်တင်ရေးအစီအစဉ် (Capacity Building Plan) များချမှတ်၍ သင်တန်းများပို့ချ ပေးလျက်ရှိကြောင်း၊
- Stakeholder Entity များ၏ သဘောသဘာဝနှင့် လုပ်ငန်းပတ်ဝန်းကျင်ပြောင်းလဲလာမှုများကို Knowledge Gap မဖြစ်အောင် မပြတ်လေ့လာရန်လိုကြောင်း၊
- မြို့နယ်အဆင့်ရုံးအကြီးအကဲတစ်ယောက်အနေဖြင့် မိမိအုပ်ချုပ်ရသည့် ဝန်ထမ်းများအပေါ် မျှမျှတတစီမံခန့်ခွဲရန်ဖြစ်ကြောင်း၊
- မိမိတို့ရုံး၏ “ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရေး ထိန်းကျောင်းပေး” ဟူသော ဆောင်ပုဒ်နှင့်အညီ ပြုမူလုပ်ကိုင်ကြရန် လိုအပ်ကြောင်း၊
- ဦးစီးအရာရှိများအနေဖြင့် နိုင်ငံတော်နှင့်ပြည်သူများ၏ အကျိုးအတွက် ဝန်ထမ်းကောင်း ပီသစွာ ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဝန်ထမ်းကျင့်ဝတ်ကို စောင့်ထိန်းလိုက်နာကြရန်နှင့် ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် ပြည်သူကို အလုပ်အကျွေးပြုကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း။
၄။ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် ၁၀ : ၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
