

၁။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် Institute of Singapore Chatered Accountants (ISCA) မှ President ဖြစ်သူ Mr.Kon Yin Tong ၊ Teamasek Foundation International (TF Intl)မှ Senior Director ဖြစ်သူ Mr.Gerald Yeo နှင့် Myanmar Institute of Certified Public Accountants (MICPA)မှ ဉက္ကဋ္ဌ ဦးဝမ်းတင်တို့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ခုနှစ်၊ ဇွန်လ(၂၆)ရက် နေ့၊ နေလယ် ၁၂:၃၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌လက်ခံ တွေ့ဆုံခဲ့ပါသည်။
၂။ ထိုသို့တွေ့ဆုံရာတွင် ISCA မှ ကိုယ်စားလှယ်များကစာရင်းကဏ္ဍနှင့်စပ်လျဉ်း၍ စင်္ကာပူနိုင်ငံ၏ အတွေ့အကြုံများကို မျှဝေပြီး ISCA နှင့် TF Intl တို့သည် မြန်မာနှင့်စင်္ကာပူတွင် စာရင်းကိုင်လုပ်ငန်းအတွက် အရေးပါသောနယ်ပယ်များတွင် အကောင်းဆုံးအလေ့အထများဖလှယ်ရန်နှင့် တွေ့ဆုံဆွေးနွေးရန် ရည်ရွယ်၍ အစီအစဉ်တစ်ခုကိုဖော်ဆောင်သွားမည် ဖြစ်ကြောင်းတို့ကို ဆွေးနွေးခဲ့ပါသည်။
၃။ အဆိုပါ တေွ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေးဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
