


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ မေ ( ၂၇ ) ရက်
၁။ ၂၀၁၉ ခုနှစ်၊ မေလ ( ၂၄ ) ရက်နေ့ မွန်းလွဲ ၃:၃၀နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် ဦးစီးအရာရှိများမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းတက်ရောက်၍ သင်တန်းဆင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်း ကထိကများနှင့် သင်တန်းသား/သင်တန်းသူ (၈၃)ဦး တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည် -
- ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေနှင့်အညီ “ စာရင်းပညာတိုးတက်ပြန့်ပွားရေး ” နှင့် “လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်ရေး” ရည်ရွယ်ချက်ဖြင့် မိမိတို့ လက်တွေ့ဆောင်ရွက်ခဲ့သည့် စစ်ဆေးရေးလုပ်ငန်းများ၏ အတွေ့အကြုံများ ကို အခြေပြုကာ နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသည့် အလေ့အထများနှင့် နှိုင်း ယှဉ်သုံးသပ်ကာ အကြောင်းအရာစုံလင်စွာဖြင့် ပို့ချဆွေးနွေးပေးထားကြောင်း၊
- သင်တန်းသား/ သူများ၏ လက်တွေ့ တွေ့ကြုံရသည့်အခက်အခဲများကို သိမ်မွေ့စွာ ဖြေရှင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ နိုင်ငံတကာစာရင်းစစ်ချုပ်ရုံးများ၏ မူဘောင်ဖြစ်သည့် Lima Declaration နှင့် Mexico Declaration တို့တွင် ပြဋ္ဌာန်း ထားသည်များကိုလည်း ပို့ချဆွေးနွေးပေးထားကြောင်း၊
- သင်တန်းသား/ သူများသည် မိမိတို့ရရှိသည့် အသိပညာများကို လုပ်ဖော် ကိုင်ဘက်များအား လက်ဆင့်ကမ်းမျှဝေရန်၊ ခေတ်စနစ်နှင့်ပညာရပ်များ၏ ပြောင်း လဲနေမှုအပေါ်လိုက်လျောညီထွေလိုက်ပါနိုင်သော အရည်အချင်းကို ပြုစုပျိုးထောင် ကြစေလိုကြောင်း၊
- မိမိတို့အဖွဲ့အစည်းက ချမှတ်ထားသည့်လုပ်ငန်းစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် အခင်းအကျင်း၊ အစီအမံများကို မျက်ခြည်မပြတ် သိရှိနားလည်ထားရန်လိုကြောင်း၊
- ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ မိမိတို့၏ လုပ်ငန်း တာဝန်များ ပိုမိုကျယ်ပြန့်လာသည်ကို တွေ့ရှိနိုင်ကြောင်း၊ လုပ်ငန်းအတွက် လိုအပ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်း၏ သဘောတူညီချက်ဖြင့် တတ်သိ ပညာရှင်များ၏ ကျွမ်းကျင်မှုအကူအညီ ရယူဆောင်ရွက်ခြင်းကိုလည်း ဥပဒေအရ ခွင့်ပြုထားပြီးဖြစ်ကြောင်း၊
- မြို့နယ်အဆင့်တွင် ဦးဆောင်ရသူများဖြစ်၍ ခက်ခဲသည့်စိန်ခေါ်မှုများ ကြုံတွေ့နိုင်ပြီး စိန်ခေါ်မှုများကို အခွင့်အလမ်းအဖြစ်မှတ်ယူ၍ မိမိတို့၏ ကိုင်တွယ်ဖြေရှင်းနိုင် စွမ်းကိုပြရန် လိုပါကြောင်း၊
- စစ်ဆေးရေးလုပ်ငန်းများတွင် ရလဒ်ကောင်းများထွက်ပေါ်ရေး ကိုယ်စွမ်း၊ဥာဏ်စွမ်း ရှိသရွေ့ ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းကျင့်ဝတ်သိက္ခာကို စောင့်ထိန်းကြရန်၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေဖြင့် ပါဝင်ကြိုးပမ်းကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း။
၄။ သင်တန်းဆင်းပွဲအခမ်းအနားကို မွန်းလွဲ ၄:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
