မိတ္ထီလာစီးပွားရေးတက္ကသိုလ်နှင့် မုံရွာစီးပွားရေးတက္ကသိုလ်တို့မှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် မဟာတန်းနှင့်နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူအလုပ်သင်မောင်မယ်များအား ကြိုဆိုပွဲအခမ်းအနား

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

သတင်းထုတ်ပြန်ချက်

၂၀၁၉ ခုနှစ် ၊ မေလ ၃ ရက်

၁။      ၂၀၁၉ ခုနှစ်၊ မေလ ၃ ရက်နေ့ နံနက် (၉:၀၀) နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ မုံရွာစီးပွားရေးတက္ကသိုလ်နှင့် မိတ္ထီလာစီးပွားရေးတက္ကသိုလ်တို့မှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် မဟာတန်းနှင်နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများ အလုပ်သင် လာရောက်ခြင်းကို ကြိုဆိုသည့်အခမ်းအနားကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

၂။       အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် အလုပ်သင်မောင်မယ် (၂၁) ဉီး တက်ရောက်ခဲ့ပါသည်။

၃။      အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က -

- ဤရုံးသို့လာရောက်သော အလုပ်သင်မောင်မယ်များ ၂၁ ဦး ရှိပြီး ဤရုံးအပါအဝင်   စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရန်ကုန်စသည့် တိုင်းဒေသကြီး ၄ ခုတို့မှာ အလုပ်သင် ၁၂၀ ဦးနှင့် မွန်၊ ရှမ်း၊ ကချင်နှင့် ချင်းစတဲ့ ပြည်နယ် ၄ ခုတို့မှာ ၉ ဦး စုစုပေါင်း အနာဂတ်မျိုးဆက်သစ် ၁၂၉ ဦး တို့ကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါကြောင်း။

-   အလုပ်သင်မောင်မယ်များအား ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ အဓိကတာဝန်တစ်ရပ်ဖြစ်သော နိုင်ငံတော်အရအသုံးစာရင်းများ စစ်ဆေးခြင်းအပါအဝင် ဤရုံး၏ ဖွဲ့စည်းပုံအဆင့်ဆင့်၊ စနစ်ကျနခေတ်မီသော “စာရင်းစစ်လုပ်ငန်းမှတ်တမ်းများပြစု ထိန်းသိမ်းရေးနည်းစနစ်”များ၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် လိုက်နာကျင့်သုံးရမည့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများအပြင် နိုင်ငံတော်ရဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲရေးကိစ္စနှင့်စပ်လျဉ်း၍ ငွေကြေးကိစ္စများကို ဘဏ္ဍာရေးစီမံခန့်ခွဲမှုကြီးကြပ်မှု ပြုလုပ်ရာတွင် လိုက်နာရမည့် ဘဏ္ဍာရေးစည်းမျဉ်း စသည်တို့ကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း။ 

-   ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေအရ ဝန်ကြီးဌာနအဖွဲ့အစည်းများ၏ ရငွေများ စီမံကြီးကြပ်ကောက်ခံခြင်း၊ အသုံးစရိတ်များကို ထိရောက်အကျိုးရှိစွာ သုံးစွဲရမည့် အချက်အလက်များကိုလည်း ဆွေးနွေးပေးသွားမည့်အပြင် တာဝန်ခံဝန်ထမ်းများ၏ တာဝန်ရှိမှု အပိုင်းကိုလည်း မျှဝေပေးသွားမည်ဖြစ်ကြောင်း။

-   စာရင်းစစ်များဆောင်ရွက်ကြရတဲ့ စာရင်းစစ်ဆေးရေးအပိုင်း၊ ဝန်ထမ်းရေးရာအပိုင်း၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုအပိုင်းများကိုလည်း ပိုင်းခြားသိရှိသွားပြီး စာရင်းစစ်ဆေးခြင်းလုပ်ငန်းကို စာတွေ့သာမက မြေပြင်တွင် စစ်ဆေးဆောင်ရွက်လျှက်ရှိသည့်  စာရင်းစစ်အဖွဲ့များနှင့် လိုက်ပါ၍ လက်တွေ့စစ်ဆေးပုံများကို လေ့လာနိုင်မည့် အခွင့်အရေးလည်း ရရှိမှာဖြစ်တဲ့အတွက် အကျိုးရှိမည်ဟု မျှော်လင့်ပါကြောင်း။

-   အလုပ်သင်မောင်မယ်များအနေနဲ့ တက္ကသိုလ်များက သင်ကြားပေးလိုက်သော အသိပညာ၊ အတတ်ပညာများကို နိုင်ငံတော်တာဝန်ထမ်းဆောင်ရာတွင် အသုံးချနိုင်သည့် အခွင့်အလမ်းများရှိနေကြတာဖြစ်၍ နိုင်ငံ၏ပြုပြင်ပြောင်းလဲရေးခရီးလမ်းတွင် အုတ်တစ်ချပ် သဲတစ်ပွင့်အနေဖြင့် ပါဝင်နိုင်ကြပါစေလို့ တိုက်တွန်းခဲ့ပါကြောင်း။

၄။      အခမ်းအနားကို နံနက် ( ၉:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။