ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် PwC ကိုယ်စားလှယ်အဖွဲ့အား လက်ခံ တွေ့ဆုံ

၁။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ရန်ကုန်မြို့၊ ဗြိတိန်သံရုံးမှ Head of Prosperity ဖြစ်သူ Ms. Claire Kikham နှင့် PricewaterhouseCoopers (PwC) Consortium မှ အဖွဲ့ ခေါင်းဆောင်ဖြစ်သူ Mr. SubhrenduChatterjiတို့ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလ (၁၆) ရက်နေ့၊ နေ့လယ် ၂း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ၊ အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ ပါသည်။

၂။ ထိုသို့ တွေ့ဆုံရာတွင် လာမည့် (၃)နှစ် အတွင်း PwC မှ တစ်ဆင့် ဗြိတိန်အစိုးရက မြန်မာနိုင်ငံ အစိုးရအား နည်းပညာ အကူအညီပေးမည့် ကိစ္စ ၊ မြန်မာနိုင်ငံ၏ စာရင်းအတတ်ပညာဆိုင်ရာ သင်ကြားရေးစနစ်များ ၊ ဗြိတိန် အစိုးရမှ ကူညီ ပေးနိုင်မည့် နယ်ပယ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

၃။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန) ၊ ဒုတိယ အမြဲတမ်း အတွင်းဝန် ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။