
ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် Deloitte Touche Myanmar Vigour Advisory Limited မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် Deloitte South East Asia, SEA ၏ Chief Executive Officer ဖြစ်သူ Mr. Philip Yuen ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နေ့၊ နေ့လယ် ၃း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၂။ အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်ဆေးမှုစွမ်းရည် တိုးတက်ရေးအတွက် ဆောင်ရွက်မှုများ၊ Private Sector တွင် အသုံးပြုစစ်ဆေး ဆောင်ရွက်သည့်နည်းပညာများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအား ထောက်ပံ့ကူညီပေးနိုင် မည့်နယ်ပယ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
၃။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ပါသည်။
