ပြည်ထောင်စုစာရင်းစစ်ချုပ်သည် Mr.Andrew Bauer ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

၁။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းသည် NRGI ၏ Consultant ဖြစ်သူ Mr. Andrew Bauer ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၈ ခုနှစ်၊ မေလ (၁၅) ရက်နေ့၊ မွန်းလွဲ ၂း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

၂။ ထိုသို့တွေ့ဆုံရာတွင် NRGI ၏ သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်း ကဏ္ဍမှ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ စွမ်းဆောင်ရည် ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက် ရေးဆွဲပြုစုထားသော မြန်မာနိုင်ငံစီးပွားရေး လုပ်ငန်းများ ပြုပြင်ပြောင်းလဲရေး “သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းကဏ္ဍ” အစီရင်ခံစာမှ တွေ့ရှိချက်များ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

၃။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန)နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။