၁။၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက် နံနက်(၀၉း၀၀) နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ဒီပလိုမာစာရင်းကိုင်(ပထမပိုင်း) သင်တန်း ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားပါသည်။
၂။အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်း ကထိကများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ကအောက်ပါ အတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်-
- ယခု DA သင်တန်းမှာ သင်ကြားတဲ့ဘာသာရပ်တွေမှာ မိမိတို့လုပ်ငန်းလုပ်ကိုင် သည့် နေရာမှာ အထူးအသုံးဝင်ကြောင်း၊
- ဘာသာရပ်များကို Module 1, Module 2, ခွဲခြားသတ်မှတ်ထားပြီး စာရင်းရေး စာရင်းကိုင်၊ ဘောဂဗေဒ၊ စီးပွားရေးသချာၤနှင့် စာရင်းအင်းပညာဘာသာရပ်တို့ကို Module 1၊ ကူးသန်းရောင်းဝယ်ရေးအထွေထွေဗဟုသုတနှင့် စီးပွားရေးဥပဒေ ဘာသာရပ်တို့ကို Module 2 အနေနဲ့သတ်မှတ်ထားပြီး ကနဦးဖြေဆိုချိန်မှာ သက်ဆိုင်ရာဘာသာရပ် အားလုံး ဖြေဆိုကြရမည်ဖြစ်ကြောင်း၊ Module တစ်ခုထဲမှ ဘာသာရပ်အားလုံး အောင်မြင်ပြီး အခြား Module တစ်ခုထဲမှ ဘာသာရပ်တစ်ခုခု ကျရှုံးခဲ့လျှင် Module တစ်ခုအောင်မြင်သည်ဟု သတ်မှတ်ကြောင်း၊ ကျရှုံးသည့် Module ထဲမှ ဘာသာရပ်အားလုံးအား တစ်ဆက်တည်း ၃ ကြိမ် ပြန်လည် ဖြေဆိုခွင့် ပြုထားပြီး ၃ ကြိမ်အတွင်း အောင်မြင်မှု မရှိခဲ့လျှင်ဖြစ်စေ စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်း မရှိလျှင်ဖြစ်စေ ကနဦးစာမေးပွဲ ဖြေဆိုသည့်အတိုင်း ဘာသာ ရပ်အားလုံးကို ပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်း၊
- ကျရှုံးသည့် Module တွင်ပါဝင်သည့်ဘာသာရပ်တိုင်း ၂၀ မှတ် အနည်းဆုံး ရရှိ ပြီး ၃ ဘာသာပေါင်းရမှတ်မှာ ၇၅ မှတ်နှင့်အထက်ရရှိမှသာ အောင်မြင်သည့်ကျန် Module တစ်ခု အောင်မြင်သည်ဟုသတ်မှတ်ကြောင်း၊
- CPA များသည်စာရင်းပညာရပ်ဆိုင်ရာ Professional Accountant များဖြစ်၍ ၊ DA များသည် စာရင်းပညာရပ်ဆိုင်ရာ Technician များဖြစ်ကြောင်း၊
- စီးပွားရေးလောကတွင် Technician နှင့် Professional များပေါင်းစပ် အလုပ် လုပ်ကြရန် အလွန်အရေးကြီးကြောင်း၊
- DA များသည် Technician များဖြစ်သည့်အတွက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် အတွက် အထောက်အကူ ပြုနိုင်မည့်သူများ ဖြစ်ကြောင်း၊
- CPA သင်တန်းသည် သာမန်အားဖြင့် ဝင်ခွင့်စာမေးပွဲဖြေဆိုပြီး အောင်မြင်မှသာ သင်တန်းတက်ရောက်ခွင့် ရရှိမည်ဖြစ်သော်လည်း၊၂၀၁၇-၂၀၁၈ ပညာသင်နှစ် မှစ၍ B.com, B. Act, B.BA နှင့် DA အောင်မြင်ပြီးသူ ပုဂ္ဂိုလ်များသည် ဝင်ခွင့် ဖြေဆိုရန်မလိုဘဲ တိုက်ရိုက်တက်ခွင့်ပြုခဲ့ကြောင်း၊
- အနာဂတ်ကာလတွင် ကျွမ်းကျင်သော စာရင်းပညာရှင်အများကြီး လိုအပ်လာမည် ဖြစ်သည့်အတွက် CPA ၏ အခြေခံဖောင်ဒေးရှင်းဖြစ်သည့် DA သင်တန်း သား/သူများ ဖြစ်စေချင်ကြောင်း၊
- နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်အတွက် အားကိုးရသော စာရင်းပညာကျွမ်းကျင်သူများဖြစ်ရန် ကြိုးပမ်းကြစေလိုကြောင်း၊
၄။ အခမ်းအနားကို နံနက်(၀၉း၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
