ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် EU/ GOPA မှ Team Leader ဖြစ်သူ Mr. Manzoor Alam ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

၁။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းသည် EU/ GOPA မှ Team Leader ဖြစ်သူ Mr. Manzoor Alam ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်နေ့၊ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။

၂။ ထိုသို့ တွေ့ဆုံရာတွင် EU Expert များ Study ပြုလုပ်ခဲ့သည့် ဤရုံး၏ Human Resources ၊ Independence၊ Mandate and Legislation တို့ကို အခြေခံပြီး နိုင်ငံတကာစံများနှင့် လက်တွေ့ကျင့်သုံး ဆောင်ရွက်နေမှုတို့အရ အကြံပြုချက်များ ပေးကာ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

၃။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်း အတွင်းဝန် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။