၁။ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းသည် ISCA ၏ President ဖြစ်သူ Mr. Ee Hock Kim Gerald ဦးဆောင်သော အဖွဲ့ နှင့် MICPA ၏ ဥက္ကဋ္ဌ ဦးဝမ်းတင် ဦးဆောင်သော အဖွဲ့အား ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ ၊ နေ့လယ် ၃:၂၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၂။ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ စာရင်းပညာရှင်များအတွက် ရှေ့ဆက်လက်ဆောင်ရွက် မည့်ကိစ္စရပ်များ၊ ISCA နှင့် MICPA တို့ ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
၃။အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန) နှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါသည်။
