၁။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းသည် ကမ္ဘာ့ဘဏ်အဖွဲ့မှ Senior Financial Management Specialist ဖြစ်သူ Mr. Christopher Fabling ဦးဆောင်သော အဖွဲ့အား ၂၀၁၇ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၂။ ထိုသို့ တွေ့ဆုံရာတွင် ROSC A & A Report အကြံပြုချက်များအပေါ် Country Action Plan ဆက်လက် အကောင်အထည်ဖော်ရေး၊ Steering Committee ဖွဲ့စည်းမည့် အစီအစဉ်များ၊ နိုင်ငံတကာ ဘဏ္ဍာရေး အစီရင်ခံခြင်းစံများ(IFRS) အကောင်အထည်ဖော် ဆောင်ရွက်မှုအတွက် အထောက်အပံ့ပေးမည့် အစီအစဉ်များ၊ SAI Performance Measurement Framework Assessment အတွက် မိတ်ဖက် အဖွဲ့အစည်းများဖြစ်သည့် Norway၊ EU နှင့် ADB အဖွ့ဲများ နှင့် ပူးပေါင်းဆောင်ရွက်ရေး၊ IT Strategy ရေးဆွဲရေးဆိုင်ရာ နည်းပညာ အကူအညီ အထောက်အပံ့ပေးမည့် ကိစ္စရပ်များ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဤရုံးတို့ ပူးပေါင်း၍ နိုင်ငံတကာ နိုင်ငံပိုင်ကဏ္ဍစာရင်းစံ (IPSAS) ဆိုင်ရာ Joint Workshop ပြုလုပ်ရန် ကိစ္စ၊ Audit Quality Assurance ဆိုင်ရာ ဘဏ္ဍာငွေထောက်ပံ့ရေး ကိစ္စရပ်များ နှင့် Confederation of Asia and Pacific Accountants- CAPA PAO Development Committee အစည်းအဝေးပြုလုပ်ရန် ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
၃။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
