၁။ The International Journal of Government Auditing ကို International Organization of Supreme Audit Institutions- INTOSAI ကိုယ်စား U.S Government Accountability Office - GAO မှ အာရေးဗျဘာသာ၊ အင်္ဂလိပ်ဘာသာ၊ ပြင်သစ်ဘာသာ၊ ဂျာမန်ဘာသာနှင့် စပိန်ဘာသာတို့ဖြင့် တစ်နှစ်လျှင် (၄) ကြိမ်ထုတ်ဝေပြီး ASIAN Journal of Government Audit ကို Asian Organization of Supreme Audit Institutions-ASOSAI ကိုယ်စား Comptroller and Auditor General of India မှ အင်္ဂလိပ်ဘာသာဖြင့် တစ်နှစ်လျှင် (၂) ကြိမ် ထုတ်ဝေပါသည်။
၂။ အစိုးရစာရင်းစစ်ဆေးမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ နည်းလမ်းများ၏ တိုးတက်မှုများ၊ ကောင်းမွန်သည့် လက်တွေ့ကျင့်သုံးဆောင်ရွက်မှုများကို အဖွဲ့ဝင် SAIsများက သိရှိနိုင်စေရန် ရည်ရွယ်၍ ယင်းဂျာနယ်များကို ထုတ်ဝေခြင်းဖြစ်ပါသည်။ ယင်းဂျာနယ်များတွင် အဖွဲ့ဝင် SAIs များက ပေးပို့သည့် နိုင်ငံပိုင်ကဏ္ဍ စာရင်းစစ်ဆေးခြင်းနှင့် သက်ဆိုင်ရာနယ်ပယ်များရှိ Articles များ၊ Special Reportsများ၊ New Items များ နှင့် အခြားသော Materials များ ပါဝင်ပြီး ယင်းတို့ကို www.intosaijournal.org နှင့် www.asosaijournal.org တို့တွင် ဝင်ရောက် လေ့လာဖတ်ရှုနိုင်ပါသည်။
