ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

စာရင်းစစ်-၃များ လုပ်ငန်းခွင်ကျွမ်းကျင်မှုု အမှတ်စဉ်(၄၆) သင်တန်းဆင်းပွဲ အခမ်းအနား

၁။   ၂၀၁၇ခုနှစ်၊ ဇူလိုင်လ ( ၂၀ ) ရက်နေ့ ညနေ (၁၆း၀၀)နာရီအချိန်တွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ်-၃များ လုပ်ငန်းခွင်ကျွမ်းကျင်မှုု အမှတ်စဉ်(၄၆) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်း ဆင်းလမ်းညွှန် အမှာစကားပြောကြားခဲ့ပါသည်။

၂။   အဆိုပါအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်း ကထိကများနှင့် သင်တန်းသား / သင်တန်းသူ ( ၁၁၄ ) ဦး တက်ရောက်ခဲ့ပါသည်။

၃။   အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအတိုင်း လမ်းညွှန်မှာကြား ခဲ့ပါသည်-

  • လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းများ အဆက်မပြတ် ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်မှာ စာရင်းစစ်များ၏ Capacity Building ကို မြှင့်တင်ပေးလိုခြင်း၊ လုပ်ငန်းဆိုင်ရာ ဗဟုသုတများ၊ စာရင်းစစ်ဆေးခြင်းဆိုင်ရာ အတတ်ပညာများ ပို၍ကျွမ်းကျင်လာစေလိုခြင်း၊ စာရင်းစစ် ကျင့်ဝတ်သိက္ခာများကို နားလည်စောင့်ထိန်းနိုင်သော ဝန်ထမ်းကောင်းများပေါ်ထွန်းလာစေ လိုခြင်း တို့ကြောင့် ဖြစ်ကြောင်း၊
  • စာရင်းစစ်ဆေးခြင်းအပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေက ပေးအပ်ထားသော တာဝန် များကိုလည်း ထမ်းဆောင်ကြရမှာဖြစ်ကြောင်း၊
  • ပုဂ္ဂလိကပိုင်ကဏ္ဍ၊ နိုင်ငံတော်ပိုင်ကဏ္ဍအနေဖြင့် နေ့စဉ်နှင့်အမျှ ပြောင်းလဲနေသည်နှင့်အမျှ စာရင်းနှင့် စာရင်းစစ်ဆေးခြင်းသည်လည်း အမြဲတမ်းတိုးတက်နေသည့်အတွက် Up Date ဖြစ်အောင် သင်တန်းပေးရခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် သင်တန်းသားများအနေနှင့် ကြိုးစားနေဖို့ လိုပါကြောင်း၊
  • သင်တန်းသားများသည် မိမိ၏ အားသာချက်၊ အားနည်းချက်များကို သုံးသပ်ရမှာ ဖြစ်ပြီး မိမိ၏အားနည်းချက်၊အားသာချက်များကို သိရှိလာပါက အားနည်းသည့် နေရာမှာကုစား၊ ပြင်ဆင်၊ ဖြည့်ဆည်းပြီး အားသာတဲ့ အရည်အသွေးတွေကို ပိုပြီးကောင်းလာအောင် လုပ်ရမှာဖြစ်ကြောင်း၊
  • ယနေ့ခေတ်သည် ပညာခေတ် Age of Knowledge မဟုတ်တော့ဘဲ အိုင်ဒီယာခေတ် Age of Idea တွေးခေါ်မြော်မြင်မှုတွေနဲ့ ပကတိ စိတ်ကူးစိတ်သန်းတွေနဲ့ တီထွင်နိုင်အောင်၊ တိုးတက်အောင် စဉ်ဆက်မပြတ် လုပ်ဆောင်ကြရမည့် မဆုံးနိုင်တဲ့ကိစ္စဖြစ်ပြီး အမြဲတမ်း လိုအပ်နေတာဖြစ်ကြောင်း၊
  • သင်တန်းသားများသည် ခေတ်သစ်စနစ်သစ်နှင့်အညီ လိုက်လျောညီထွေ ဖြစ်စေရန် မိမိအပါအဝင် နိုင်ငံ့ဝန်ထမ်းအားလုံး တစ်ဦးချင်းပြုပြင်ပြောင်းလဲမှုမှသည် အားလုံး ပြုပြင်ပြောင်းလဲခြင်းဆီသို့ မဖြစ်မနေပြောင်းလဲရန် ကြိုးပမ်းကြရာ၌ အမူအကျင့်ကောင်းများ အတွေးအခေါ် အယူအဆအသစ်များဖြင့် ပြည်သူများ၏ အကျိုးစီးပွားကို ဖော်ဆောင်ကြပါလို့ မှာကြားလိုကြောင်း။

၄။   အခမ်းအနားကို ညနေ(၁၆း၁၅)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။