ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧကာဒသမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ

၁။     ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧကာဒသမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်း ပွဲကို  ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၇   ရက်နေ့ ၊ နံနက် ၀၅ း ၃၀ နာရီတွင် ဤရုံး၊ စုပေါင်းခန်းမ၌  ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။     အဆိုပါဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲသို့ ပျဉ်းမနားမြို့၊ ဘုရားကြီးကျောင်းတိုက်နှင့် ရတနာဘုမ္မိသာရကျောင်းတိုက်များရှှိ သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းများက ဝါဆိုသင်္ကန်းနှင့်တကွ လှူဖွယ်ပစ္စည်းအစုစုတို့ကို ဆပ်ကပ်လှူဒါန်းကြပါသည်။

၃။     ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့်တကွ ရုံးဝန်ထမ်းများသည် သံဃာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး အနုမောဒနာတရားနာယူ၍ ရေစက် သွင်းချအမျှဝေကြပြီးနောက် သံဃာတော်များအား အရုဏ်ဆွမ်းဆပ်ကပ်လှူဒါန်းကာ ရုံးဝန်ထမ်း များအား မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးပါသည်။