News and Activities
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်
၁။ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက် နံနက် (၀၉:၀၀) နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ဒီပလိုမာစာရင်းကိုင်(ပထမပိုင်း) သင်တန်းအမှတ်စဉ် - ၄၁ ပြန်လည်ဖွင့်လှစ်ပွဲ အခမ်းအနားကျင်းပခဲ့ရာ မြန်မာနိုင်ငံ စာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ (၁၄) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အခမ်းအနားကို ဘုရားကြီးကျောင်းတိုက်နှင့် ရတနာဘုမ္မိသာရကျောင်းတိုက်တို့၌ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်၊ နံနက် ၀၉:၀၀ နာရီတွင် ကျင်းပရာ ကထိန်လျာဉတ်သင်္ကန်းကြီး နှင့် လှူဖွယ်ဝတ္ထုအစုစု ငွေကျပ် ၄,၈၁၁,၂၀၀ နှင့်ပစ္စည်းတန်ဖိုး ကျပ် ၃,၇၅၆,၈၀၀ စုစုပေါင်း ကျပ် ၈,၅၆၈,၀၀၀ တို့အား သံဃာတော်အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်များမှ ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ခြင်း၊ အနုမောဒနာတရား ဟောကြားချီးမြှင့်ခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေခြင်းတို့ကို ပြုလုပ်ကြပါသည်။
၁။ အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEANSAI) ၏ (၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး (6th ASEANSAI Summit) ကို ၂-၁၁-၂၀၂၁ ရက်နေ့၊ နံနက် ၈:၃၀ နာရီ မှ နေ့လည် ၁၁:၃၀ နာရီအထိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက အိမ်ရှင်အဖြစ်ဦးဆောင်ပြီး အပိုင်းနှစ်ပိုင်းခွဲ၍ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

