ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ယိမ်းအလှပျိုဖြူများ၏ ကပြဖျော်ဖြေခဲ့မှုများ

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ယိမ်းအလှပျိုဖြူများ၏ ကပြဖျော်ဖြေခဲ့မှုများ

          မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ရိုးရာမပျက်ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ယိမ်းအလှပျိုဖြူဝန်ထမ်းများက နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်တွင် သင်္ကြန်အကအလှများဖြင့်လည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ “ခါသင်္ကြန် အဆိုအက” အစီအစဉ်တွင်လည်းကောင်း ပူးပေါင်းပါဝင်ကပြဖျော်ဖြေတင်ဆက်ခဲ့ပါသည်။

          ထိုသို့ ကပြဖျော်ဖြေနိုင်ရေးအတွက် အဘက်ဘက်မှပြည့်စုံအောင် စီစဉ်ဆောင်ရွက်ပေးပါသော ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအကြီးအကဲများနှင့်တာဝန်ရှိသူများ၊ အကအလှများ လေ့ကျင့်သင်ကြားပေးပါသော သာသနာ‌‌ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အကနည်းပြနှင့် ကျေးဇူးတင်ထိုက်သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ ထို့အတူ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ကိုယ်စားပြုအနေဖြင့် သင်္ကြန်အကအလှများကို လှပစွာဖျော်ဖြေတင်ဆက်ကပြခဲ့သည့် ယိမ်းအလှပျိုဖြူဝန်ထမ်းများကိုလည်း အသိအမှတ်ပြုမှတ်တမ်းတင်အပ်ပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ယိမ်းအလှပျိုဖြူဝန်ထမ်းများ ကပြဖျော်ဖြေမှုကို  ၁၄-၄-၂၀၂၄ ရက်နေ့နှင့် ၁၅-၄-၂၀၂၄ ရက်နေ့တို့တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ထုတ်လွှင့်ပြသခဲ့ပါသည်။

အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသည့် စာရင်းစစ်ဆေးခြင်းမှအပဖြစ်သော စာရင်းလုပ်ငန်းအဖြစ် မှတ်ပုံတင်ထားသည့် လုပ်ငန်းများစာရင်း ထုတ်ပြန်ခြင်း
စာရင်းစစ်လုပ်ငန်းအမည်ဖြင့်မှတ်ပုံတင်ထားသည့်လုပ်ငန်းများစာရင်း ထုတ်ပြန်ခြင်း
လက်မှတ်ရပြည်သူ့စာရင်းကိုင်(ဒုတိယပိုင်း)သင်တန်း အမှတ်စဉ် ၄၆ စာမေးပွဲအချိန်စာရင်းထုတ်ပြန်ခြင်း
ရပ်နားခွင့်ပြုသည့် သင်တန်းဆရာများစာရင်း ထုတ်ပြန်ခြင်း
ရပ်နားခွင့်ပြုသည့် ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းစာရင်း ထုတ်ပြန်ခြင်း
အများပြည်သူသို့စာရင်းဝန်ဆောင်မှုပေးသည့် လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူများစာရင်းထုတ်ပြန်ခြင်း
၈-၄-၂၀၂၄ ရက်နေ့တွင် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများဆိုင်ရာ ဒီပလိုမာသင်တန်း အမှတ်စဉ် (၁) အပိုင်း (၁) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

Pages

Subscribe to Front page feed