ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် စာရင်းစစ်ရုံးအဆင့်ဆင့်တို့ကို အောက်ပါအတိုင်း ဖွဲ့စည်းသည်-
(က) ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊
(ခ) တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်ရုံးများနှင့် ယင်းတို့၏ ကြီးကြပ်မှုအောက်တွင်
သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း-
(၁) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု မရှိလျှင်-
(ကက) ခရိုင်စာရင်းစစ်ရုံးများ၊
(ခခ) မြို့နယ်စာရင်းစစ်ရုံးများ။
(၂) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု ရှိလျှင်-
(ကက) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၌
- ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစာရင်းစစ်ရုံး၊
- ခရိုင်စာရင်းစစ်ရုံးများ၊
- မြို့နယ်စာရင်းစစ်ရုံးများ။
(ခခ) ကိုယ်ပိုင်အုပ်ချုပ်ရဒေသ၌
- ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစာရင်းစစ်ရုံး၊
- မြို့နယ်စာရင်းစစ်ရုံးများ။
(ဂဂ) ကျန်ဒေသများ၌
- ခရိုင်စာရင်းစစ်ရုံးများ၊
- မြို့နယ်စာရင်းစစ်ရုံးများ။
(ဂ) ပြည်ထောင်စုနယ်မြေ၌-
(၁) ခရိုင်စာရင်းစစ်ရုံးများ၊
(၂) မြို့နယ်စာရင်းစစ်ရုံးများ။
The Office of the Auditor General of the Union and various levels of Audit Office are formed as follows:
(a) Office of the Auditor General of the Union;
(b) Offices of the Auditor General of the Region or State and under their supervision, in the relevant Region or State:
(i) if there is no Self-Administered Area:
(aa) District Audit Offices;
(bb) Township Audit Offices;
(ii) if there is Self-Administered Area:
(aa) at the Self-Administered Division:
- Audit Office of the Self-Administered Division;
- District Audit Offices;
- Township Audit Offices;
(bb) at the Self-Administered Zone:
- Audit Office of the Self-Administered Zone;
- Township Audit Offices;
(cc) at the remaining areas:
- District Audit Offices;
- Township Audit Offices;
(c) at the Union Territory:
(1) District Audit Offices;
(2) Township Audit Offices.
