အခြေခံ/အလယ်အလတ်/အဆင့်မြင့် သင်တန်းဆိုင်ရာ အချက်များ)
၁။ သင်တန်းသို့တက်ရောက်သင်ကြားခွင့်ရှိသူများ
(က) အခြေခံအဆင့်သင်တန်းများ
(၁) အငယ်တန်းစာရေးများ (လစာနှုန်းကျပ် ၁၅၀၀၀၀-၂၀၀၀-၁၆၀၀၀၀)
(၂) အကြီးတန်းစာရေးများ(လစာနှုန်းကျပ် ၁၆၅၀၀၀-၂၀၀၀-၁၇၅၀၀၀) သို့မဟုတ်
ဖော်ပြပါလစာနှုန်းရ အဆင့်တူဝန်ထမ်းများ၊
(ခ) အလယ်အလတ်အဆင့် သင်တန်းများ
(၁) ဌာနခွဲစာရေးကြီးများ(လစာနှုန်းကျပ်၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)နှင့်အထက်ပုဂ္ဂိုလ်များ
(၂) အခြေခံစာရင်းကိုင်နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း / ပထမအဆင့်တက်ရောက်ပြီးသောဝန်ထမ်းများ
(ဖြေဆိုပြီးခဲ့သောစာမေးပွဲအမှတ်စဥ်နှင့်စာမေးပွဲခုံအမှတ်ဖော်ပြရန်)
(ဂ) အဆင့်မြင့်သင်တန်းများ
(၁) အလယ်အလတ်အဆင့်စာရင်းကိုင်နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း/ ဒုတိယအဆင့်တက်ရောက်ပြီးသောဝန်ထမ်းများ
(ဖြေဆိုပြီးခဲ့သောစာမေးပွဲအမှတ်စဥ်နှင့်စာမေးပွဲခုံအမှတ်ဖော်ပြရန်)
(၂) ပြန်တမ်းဝင်အရာရှိများ (လစာနှုန်းကျပ်၂၇၅၀၀၀-၄၀၀၀-၂၉၅၀၀၀)နှင့် အထက်ပုဂ္ဂိုလ်များ သည် B.com, B.Act, DA ,CPA ဘွဲ့ရရှိထားပါက အဆင့်မြင့်စာရင်းကိုင်နှင့် ရုံးလုပ်ငန်း ကျွမ်းကျင်မှု သင်တန်းသို့ တိုက်ရိုက်တက်ရောက်ခွင့်ရှိသည်။
၂။ သင်တန်းကာလ - ၂ လ ခန့်
၃။ ပို့ချမည့်အချိန်နှင့်နေ့များ(အစိုးရရုံးပိတ်ရက်မပါ)
(က) တနင်္လာနေ့ မှ သောကြာနေ့အထိ
(ခ) နေ့စဉ် နံနက် ၉:၃၀ မှ ၁၅:၅၀ နာရီအထိ
၄။ သင်တန်းသားများအားကြိုတင်အသိပေးရန်အချက်
(က) သင်တန်းမှချမှတ်ထားသည့် စည်းကမ်းတစ်ခုခုကိုချိုးဖောက်ခဲ့လျှင် သင်တန်းသားအဖြစ်မှ ပယ်ဖျက်ပြီး မိခင်ဌာနသို့ ပြန်လည်စေလွှတ်မည်။
(ခ) သင်တန်းတက်ရောက်ချိန်၇၅% မပြည့်သူများအား သင်တန်းသားအဖြစ်မှပယ်ဖျက်၍ စာမေးပွဲဖြေဆိုခွင့်မပြုကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
About Basic, Intermediate, Advanced Training Courses (အခြေခံ/အလယ်အလတ်/အဆင့်မြင့် သင်တန်းဆိုင်ရာ အချက်များ)
၁။ သင်တန်းသို့တက်ရောက်သင်ကြားခွင့်ရှိသူများ
(က) အခြေခံအဆင့်သင်တန်းများ
(၁) အငယ်တန်းစာရေးများ (လစာနှုန်း ကျပ် ၄၇၀၀၀-၁၀၀၀-၅၂၀၀၀)
(၂) အကြီးတန်းစာရေးများ (လစာနှုန်း ကျပ် ၅၃၀၀၀-၁၀၀၀-၅၈၀၀၀)
(သို့မဟုတ်) ဖော်ပြပါ လစာနှုန်းအရ အဆင့်တူဝန်ထမ်းများ
(ခ) အလယ်အလတ်အဆင့် သင်တန်းများ
(၁) ရုံးအုပ်များ (လစာနှုန်း ကျပ် ၆၅၀၀၀-၁၀၀၀-၇၀၀၀၀)
(၂) ဌာနခွဲစာရေးကြီး (လစာနှုန်း ကျပ် ၅၉၀၀၀-၁၀၀၀-၆၄၀၀၀)
(၃) ပထမအဆင့်သင်တန်း ပြီးဆုံးအောင် တက်ရောက်ပြီးသူ
(ဂ) အဆင့်မြင့်သင်တန်းများ
(၁) ငွေစာရင်းအရာရှိ (လစာနှုန်း ကျပ် ၁၀၀,၀၀၀-၁၀၀၀-၁၁၀,၀၀၀)
(၂) အခြားပြန်တမ်းဝင်အရာရှိများ (လစာနှုန်း ကျပ် ၁၀၀,၀၀၀-၁၀၀၀-၁၁၀,၀၀၀) နှင့်အထက်
(မှတ်ချက်။ ။ရာထူးအလိုက်အဆင့်သို့တိုက်ရိုက်တက်ရောက်ခွင့်ရရှိ သည့်ုပြန်တမ်းဝင်အရာရှိများသည် စာရင်းကိုင်နှင့်တန်ဖိုးတွက် စာရင်းပညာဘာသာရပ်များတွင်အခြေခံမရှိပါက အလယ်အလတ်အဆင့်သင်တန်းသို့ တက်ရောက်သင့်ပါသည်။)
(၃) အလယ်အလတ်အဆင့်သင်တန်း ပြီးဆုံးအောင် တက်ရောက်ပြီးသူ
၂။ သင်တန်းကာလ - ၂ လ ခန့်
၃။ ပို့ချမည့်အချိန်နှင့်နေ့များ(အစိုးရရုံးပိတ်ရက်မပါ)
(က) တနင်္လာနေ့ မှ သောကြာနေ့အထိ
(ခ) နေ့စဉ် နံနက် ၉ း ၃၀ မှ ၁၅ း ၅၀ နာရီအထိ