အကြောင်းအရာ။ အရည်အချင်းစစ်စာမေးပွဲကျင်းပရန်ကိစ္စ
၁။ မြန်မာနိုင်ငံစာရင်းကောင်စီ၏ ၂၀-၂-၂၀၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၁၅) အရ နိုင်ငံခြားတိုင်းပြည်များမှ အောက်ဖော်ပြပါ စာရင်းပညာဆိုင်ရာလက်မှတ် ရရှိထားသည့်နိုင်ငံသားများအား လက်မှတ်ရပြည်သူ့စာရင်းကိုင်များအဖြစ် မှတ်ပုံတင်ရန် အရည်အချင်းစစ်စာမေးပွဲ ကျင်းပမည်ဖြစ်ပါသည်-
(က) ACCA ၏စာမေးပွဲအားလုံး အောင်မြင်ပြီးသူများ
(ခ) CIMA ၏စာမေးပွဲအားလုံး အောင်မြင်ပြီးသူများ
(ဂ) အထက်အပိုဒ်ခွဲ (က)၊ (ခ) တို့နှင့် အဆင့်တူသော နိုင်ငံခြားစာရင်းပညာဆိုင်ရာ လက်မှတ်ရရှိ ထားသူများ
၂။ အရည်အချင်းစစ်စာမေးပွဲကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ရန်ကုန်သင်တန်းကျောင်း၊ အမှတ် ၁/၁၉၊ သခင်မြပန်းခြံလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့တွင် အောက်ပါအတိုင်း ကျင်းပမည် ဖြစ်ပါသည်-
စဉ် |
ရက်စွဲ |
အချိန် |
ဘာသာရပ် |
(က) |
၁၅-၁-၂၀၂၀ |
၁၀ း ၀၀ နာရီ မှ ၁၃ း ၀၀ နာရီထိ |
Commercial & Industrial Laws |
(ခ) |
၁၆-၁-၂၀၂၀ |
၁၀ း ၀၀ နာရီ မှ ၁၃ း ၀၀ နာရီထိ |
Taxation |
(ဂ) |
၁၇-၁-၂၀၂၀ |
၁၀ း ၀၀ နာရီ မှ ၁၃ း ၀၀ နာရီထိ |
Practical Auditing I & II |
၃။ Commercial & Industrial Laws နှင့် Taxation ဘာသာရပ်များကို မြန်မာဘာသာဖြင့် လည်းကောင်း၊ Practical Auditing I & II ဘာသာရပ်ကို English ဘာသာဖြင့်လည်းကောင်း ဖြေဆို ရပါမည်။ စာမေးပွဲသင်ရိုးညွှန်းတမ်းကို ပူးတွဲဖော်ပြထားပါသည်။
၄။ သတ်မှတ်အရည်အချင်းပြည့်မီသော အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုလိုသူများသည် အထက်အပိုဒ် (၂)ပါလိပ်စာတွင် လျှောက်လွှာကြေး ကျပ် ၁,၀၀၀၊ စာမေးပွဲကြေး ကျပ် ၁၀၀,၀၀၀ ပေးသွင်း၍ ၁၈-၁၁-၂၀၁၉ နေ့မှ ၂၉-၁၁-၂၀၁၉ နေ့အတွင်း လျှောက်ထားနိုင်ပြီး ဖြေဆိုခွင့်ရရှိသူအမည်စာရင်းကို ၂၀-၁၂-၂၀၁၉ နေ့တွင် ထုတ်ပြန်ကြေညာပါမည်။
စာစစ်ကော်မတီ
မြန်မာနိုင်ငံစာရင်းကောင်စီ